
(၃၀-၁၂-၂၀၁၆) ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၂၆/၂၀၁၆) တွင် MOE Mail များ စတင်သုံးစွဲရန်သဘောတူဆုံးဖြတ်ခဲ့ပါသည်။
MOE Mail သုံးစွဲသူများ သိရှိလိုက်နာရမည့်အချက်များမှာ-
၁။ Official Mail Account များအား ရုံးကိစ္စများဆက်သွယ်ဆောင်ရွက်ရာတွင် အသုံးပြုရမည် ဖြစ်ပါသည်။
၂။ Personal Mail Account များအား ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို Personal Mail Account များကို ရုံးလုပ်ငန်းနှင့်ဆက်စပ်သည့် ကိစ္စများ ဆက်သွယ်ဆောင်ရွက်ရာတွင်သာ အသုံးပြုရမည် ဖြစ်ပါသည်။
၃။ MOE Mail အသုံးပြုသူများအနေဖြင့် မိမိတို့ Mail Inbox Size သည် ၇၅ ရာခိုင်နှုန်း ကျော်လွန် သုံးစွဲပြီးပါက Mail Inbox Size တိုးချဲ့ပေးရန် egovernment@moe-st.gov.mm နှင့် moemailadmin@moe-st.gov.mm တို့ထံသို့ Inbox Size တိုးချဲ့နိုင်ရေးအတွက် Request Letter ပေးပို့ရမည် ဖြစ်ပါသည်။
၄။ MOE Mail အသုံးပြုမှုနှင့်ပက်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက Phone No: 067-404520 နှင့် 067-404521 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၅။ Personal Mail Account သုံးစွဲသူများသည် ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခြင်း မရှိတော့ပါက သုံးစွဲလျက်ရှိသော Mail Account ပိတ်သိမ်းပေးနိုင်ရန် ရုံးစာဖြင့် moemailadmin@moe-st.gov.mm သို့အကြောင်းကြားစာပေးပို့ရမည် ဖြစ်ပါသည်။
