Staff Management System အသုံးပြုမှုဆိုင်ရာအစည်းအဝေးကို ပညာရေး ဝန်ကြီးဌာန ရုံးအမှတ် (၂၁) ရှိ အစည်းအဝေးခန်းမတွင် (၇-၆-၂၀၁၇) ရက်နေ့ နံနက် (၁၀:၀၀)နာရီ၌ ကျင်းပခဲ့ရာ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ ဝန်ထမ်းရေးရာကိစ္စရပ်များ တာဝန်ယူဆောင်ရွက်နေသော ဌာနမှူးများနှင့် ပညာရေးဝန်ကြီးဌာန၏ e-Government အကောင်အထည်ဖော်ဆောင်ရွက်မှုများကို တာဝန်ယူလုပ်ကိုင်နေသော စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အီလက်ထရောနစ်အုပ်ချုပ်ရေးနှင့် ICT နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာနမှ တာဝန်ရှိသူများမှ တက်ရောက်ကြပါသည်။
ပညာရေးဝန်ကြီးဌာနတွင်အသုံးပြုလျက်ရှိသော Staff Management Systemအား ရုံးအမှတ်(၂၁)ရှိ Private Cloud Data Center တွင်ထားရှိ၍ http://staff.moe-st.gov.mm ဖြင့်လွှင့်တင်အသုံးပြုလျက်ရှိပြီး ဝန်ကြီးဌာနတစ်ခုလုံးရှိ ဝန်ထမ်းများ ၏ကိုယ်ရေးအချက်အလက်များ ပြည့်စုံစွာထည့်သွင်းအသုံးပြုနိုင်ရေးနှင့် အကျိုးရှိစွာအသုံးချနိုင်မှုများကို စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာခင်မောင်လတ်မှ ရှေးဦးစွာရှင်းလင်း ပြောကြားပါသည်။ ဆက်လက်၍ Staff Management System နှင့်ပတ်သက်၍ User Authentication Level အလိုက် အသုံးပြုနိုင်မှုများကို အီလက်ထရောနစ်အုပ်ချုပ်ရေးနှင့် ICT နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာနမှ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက်အစည်းအဝေးသို့တက်ရောက်လာကြသော ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်အား လက်တွေ့ဝင်ရောက်အသုံးပြု၍ ယင်းတို့၏ ဆွေးနွေးအကြံပြုချက်များကို လက်ခံရယူကာ အစည်းအဝေးကို မွန်းတည့် (၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။