ဆိုင်ဘာလုံခြုံရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ ဆွေးနွေးခြင်း

ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) တွင် (၁၇-၈-၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၁ ၀၀)နာရီတွင်  ဆိုင်ဘာလုံခြုံရေးဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီး ဌာန၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာခင်မောင်လတ် ဦးဆောင်သောအဖွဲ့၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမျိုးသား ဆိုက်ဘာလုံခြုံရေး ဗဟိုဌာနမှ ညွှန်ကြားရေးမှူး၊ ဦးရဲနိုင်မိုး၊ Japan International Cooperation Agency (JICA)မှ Mr.Goto, Fujitsu Co. Ltd, မှ Mr. Tshibathi နှင့်အဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် JICA တို့ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိသော “Technical Cooperation Programme in Cyber Security” ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော Cyber Security Survey Project များကို ပညာရေးဝန်ကြီးဌာနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ကနဦးအဆင့်ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ လ၊ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ရန်ကုန်မြို့ရှိ သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်နှင့် နေပြည်တော်၊ ရုံအမှတ် (၂) တို့တွင် Cyber Security ဆိုင်ရာ Seminar နှင့် Workshop များကျင်းပရန်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကိုဆွေးနွေး၍  မွန်းလွဲ(၂:၁၅) နာရီတွင် ​ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်