ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်မှုကျွမ်းကျင်(၂)၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ စာရင်းကိုင်(၂)ရာထူးနေရာများအတွက်
အသက်ကန့်သတ်ချက်ဖြေလျော့ခြင်းနှင့် လျှောက်လွှာခေါ်ယူရက် တိုးမြှင့်သတ်မှတ်ခြင်း
မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့၌ (၂၇- ၁ -၂၀၂၂) ရက်နေ့နှင့် (၂၈- ၁ -၂၀၂၂) ရက်နေ့တို့တွင် လျှောက်လွှာခေါ်ယူခဲ့သည့် နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနရှိ (ရုံးချုပ်)၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဌာန၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနနှင့် မော်တော်ယာဉ်နည်းပညာသုတေသနဌာနတို့တွင် ( လစာနှုန်း ကျပ် ၂၁၆၀၀၀ – ၂၀၀၀ – ၂၂၆၀၀၀ )ရာထူးများအတွက် (၃၁- ၁ -၂၀၂၂) ရက်နေ့တွင် အသက်(၁၈) နှစ် ပြည့်ပြီး (၃၀)နှစ်ထက် မကျော်လွန်သူ၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၂)နှစ်ထက် မကျော်လွန်သူ အစား အသက်(၃၅)နှစ်ထက် မကျော်လွန်သူများ လျှောက်ထားနိုင်ရန် အောက်ပါအတိုင်း အသက် ကန့်သတ်ချက် ဖြေလျော့ထားကြောင်း၊ လျှောက်လွှာများကို ( ၂၅ – ၂ – ၂၀၂၂ ) ရက်နေ့အရောက် နောက်ဆုံးထား၍ တင်သွင်းလျှောက်ထားရမည့် အစား (၈ – ၃ – ၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းလျှောက်ထားရန် ရက်တိုးမြှင့်ထားကြောင်း၊ ရေးဖြေစာမေးပွဲဖြေဆိုရမည့် ရာထူးအဆင့်အားလုံးအတွက် ရေးဖြေစာမေးပွဲကို (၁၃ – ၃ – ၂၀၂၂) ရက်နေ့တွင် ဖြေဆိုရန်နှင့် လူတွေ့/ ကျွမ်းကျင်မှုစစ်ဆေးမည့် ရာထူးအဆင့် အားလုံး အတွက် လူတွေ့/ကျွမ်းကျင်မှု စစ်ဆေးခြင်းကို (၁၉- ၃ -၂၀၂၂) ရက်နေ့တွင် စစ်ဆေးရန် ရက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်အချက်အလက်များအား သိရှိလိုပါက နည်းပညာမြှင့် တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ နေပြည်တော် ၀၆၇ – ၃၄၀၄၄၅၅၊ ဒြပ်ပစ္စည်းသိပ္ပံသုတေ သနဌာန၊ ၀၉ – ၇၅၂၉၆၆၇၇၂ ၊ ၀၉ – ၇၉၉၂၁၁၉၂၄ နှင့် မော်တော်ယာဉ်နည်းပညာသုတေသနဌာန၊ ၀၉ – ၇၆၅၂၄၄၆၅၄၊ ၀၉ – ၈၈၂၀၄၄၆၅၄ တို့တွင် ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်-
စဉ် | ရာထူးအမည်
(လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) |
ယခင်အသက်
ကန့်သတ်ချက် |
ယခုဖြေလျော့မည့်
အသက်ကန့်သတ်ချက် |
(က) | စက်မှုကျွမ်းကျင်(၂) | ပြင်ပပုဂ္ဂိုလ် (၃၀)နှစ်/ ဝန်ထမ်း (၃၂)နှစ် | (၃၅)နှစ် |
(ခ) | ကွန်ပျူတာလုပ်ဆောင်ရေးမှူး | ||
(ဂ) | စာရင်းကိုင်(၂) |
နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
1