အရည်အချင်းစစ်စာမေးပွဲများ ကျင်းပမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ဖြေဆိုခွင့်ကတ် ထုတ်ယူနိုင်ရေး အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

အရည်အချင်းစစ်စာမေးပွဲများ ကျင်းပမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ဖြေဆိုခွင့်ကတ် ထုတ်ယူနိုင်ရေး အသိပေးကြေညာခြင်း

 

၁။      နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနရှိ (ရုံးချုပ်)၊ သတင်းအချက်အလက် နှင့်ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသန ဌာနနှင့် မော်တော်ယာဉ်နည်းပညာသုတေသနဌာနတို့တွင် လစ်လပ်လျက်ရှိသော စက်မှုကျွမ်းကျင်(၂)၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ စာရင်းကိုင်(၂)၊ စာရင်းကိုင်(၄)၊ အငယ်တန်းစာရေး၊ စက်မှုကျွမ်းကျင်(၅)၊ ယာဉ်မောင်း(၅)၊ ရုံးအကူ၊ သန့်ရှင်းရေးအကူနှင့်လုပ်သားရာထူးနေရာများအတွက်  (၂၇- ၁ -၂၀၂၂) ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာနှင့် (၂၈- ၁ -၂၀၂၂) ရက်နေ့တို့တွင် ကြေးမုံသတင်းစာတို့၌ အလုပ်လျှောက်လွှာများခေါ်ယူခဲ့ပါသည်။

၂။       စက်မှုကျွမ်းကျင်(၂)၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ စာရင်းကိုင်(၂)၊ ရာထူးများအတွက် အသက် ကန့်သတ်ချက်ဖြေလျော့ခြင်းနှင့် လျှောက်လွှာခေါ်ယူရက် တိုးမြှင့်သတ်မှတ်ခြင်း၊ ရေးဖြေစာမေးပွဲ ဖြေဆိုရမည့် ရာထူးအဆင့်များဖြစ်သော စက်မှုကျွမ်းကျင်(၂)၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ စာရင်း ကိုင်(၂)၊ စာရင်းကိုင်(၄)၊ အငယ်တန်းစာရေးရာထူးများအတွက် ရေးဖြေစာမေးပွဲဖြေဆိုရမည့်နေ့ရက် အား  အောက်ပါအတိုင်း ပြောင်းလဲသတ်မှတ်ထားပါကြောင်းနှင့် ရေးဖြေစာမေးပွဲအောင်မြင်သူများနှင့် လူတွေ့/ကျွမ်းကျင်မှုစစ်ဆေးမည့် ရာထူးများအတွက် လူတွေ့/ကျွမ်းကျင်မှုစစ်ဆေးမည့် နေ့ရက်အား အောက်ပါအတိုင်း ပြောင်းလဲသတ်မှတ်ထားပါကြောင်း (၂၅- ၂ -၂၀၂၂) ရက်နေ့တွင် မြန်မာ့အလင်း သတင်းစာနှင့် (၂၆- ၂ -၂၀၂၂) ရက်နေ့တို့တွင် ကြေးမုံသတင်းစာတို့၌ ကြေညာခဲ့ပြီးဖြစ်ပါသည်-

(က) ရေးဖြေစာမေးပွဲ ဖြေဆိုရမည့်နေ့ရက် ၁၃-၃-၂၀၂၂ (တနင်္ဂနွေနေ့)
(ခ) ဖြေဆိုရမည့်အချိန်/ ဘာသာရပ် ၀၈ ၀၀ နာရီမှ ၁၀ ၀၀နာရီထိ / မြန်မာစာ

၁၁ ၀၀ နာရီမှ ၁၃ ၀၀နာရီထိ / အင်္ဂလိပ်စာ

၁၄ ၀၀ နာရီမှ ၁၆ ၀၀နာရီထိ / အထွေထွေဗဟုသုတ

(ဂ) လူတွေ့/ကျွမ်းကျင်မှုဖြေဆိုရမည့် နေ့ရက်/အချိန် ၁၉-၃-၂၀၂၂ (စနေနေ့)

နံနက်(၉)နာရီမှ စတင်မည်။

(ဃ) စာမေးပွဲကျင်းပြုလုပ်မည့်

နေရာများ(စာစစ်ဌာနများ)

ရုံးချုပ်(နေပြည်တော်)၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန(ဓါတ်တော်၊အေလာ)၊ မော်တော်ယာဉ်နည်းပညာသုတေသနဌာန(ပြင်ဦးလွင်)

*(လျှောက်လွှာတင်သွင်းခဲ့သည့် နေရာ/ဌာနတွင် စာမေးပွဲ ဖြေဆိုရမည်ဖြစ်ပါသည်။)

 

၃။      ဖြေဆိုခွင့်ကတ်ပြားများအား (၁-၃-၂၀၂၂) ရက်နေ့မှ (၁၀-၃-၂၀၂၂) ရက်နေ့ ရုံးချိန်အတွင်း ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါကြောင်း၊ အသေးစိတ်အချက်အလက်များအား သိရှိ လိုပါက နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ နေပြည်တော် ၀၆၇ – ၃၄၀၄၄၅၅၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန၊ ၀၉ – ၇၅၂၉၆၆၇၇၂၊ ၀၉ – ၇၉၉၂၁၁၉၂၄  နှင့် မော်တော်ယာဉ် နည်းပညာသုတေသနဌာန၊  ၀၉ – ၇၆၅၂၄၄၆၅၄၊ ၀၉- ၈၈၂၀၄၄၆၅၄ တို့တွင် ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

 

နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *