Background History

စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

နောက်ခံသမိုင်းအကျဉ်း

ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတစ်ခုတည်ထောင်ရေးတွင် အဓိကအရေးပါသော သုတေသနလုပ်ငန်းများ ဆောင်ရွက် ရာတွင် အကူအညီအထောက်အပံ့ ပေးနိုင်ရန်အတွက် စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ၁၉၉၈ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး အရည်သွေးမြင့်မား သော သုတေသန လုပ်ငန်းများနှင့် အရည်အချင်း ပြည့်ဝသော IT နှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုနိုင် ရန်အတွက် ၂၀၁၅ခုနှစ်၊ ဧပြီလ(၁)ရက်၌ ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

(က)နည်းပညာမြှင့်တင်ရေးသင်တန်းဌာန
(ခ)မော်တော်ယာဉ်နည်းပညာသုတေသနဌာန
(ဂ)နည်းပညာသုတေသနဌာန
(ဃ)နည်းပညာတီထွင်ဆန်းသစ်မှုနှင့်မြှင့်တင်ရေးသင်တန်းကျောင်း
(င)အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဌာန
(စ)သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဌာန

ရည်ရွယ်ချက်

စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအား အောက်ဖော်ပြပါရည်ရွယ်ချက် များဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်-

(၁)     နိုင်ငံအတွင်းတွင် မိမိတတ်စွမ်းသည့်အားဖြင့်လိုအပ်နေသော စက်ရုံ၊ အလုပ်ရုံများကိုပြည်တွင်း တွင် တည်ဆောက်ပေး နိုင်ရန်၊

(၂)     စက်ရုံ၊ အလုပ်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေး နိုင်ရန်၊

(၃)     ထုတ်လုပ်မှုပိုင်းဆိုင်ရာ နည်းပညာများ မြှင့်တင်ပေးရန်၊

(၄)     နည်းပညာမြှင့်တင်ရေးအတွက် အပြည်ပြည်ဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊