Vision & Mission

မျှော်မှန်းချက် (Vision) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုမည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့်တီထွင်ဖန်တီးမှုဆိုင်ရာ သုတေသနလုပ်ငန်းများပေါ်ထွန်းလာစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုမည့် အီလက်ထရောနစ်အသုံးချနည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ရည်မှန်းချက် (Mission)
(က) ဝန်ကြီးဌာန၏ e-Government လုပ်ငန်းစနစ်များအား ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဝန်ကြီးရုံး၊ ဦးစီးဌာန ရုံးချုပ်များ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများနှင့် ဌာနများတွင် ICT Infrastructure ပြည့်စုံမှုရှိရန် နှင့် မြန်နှုန်းမြင့် Internet ကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရေး တို့အတွက် ပူးပေါင်း ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
(ခ) ရုံးလုပ်ငန်းများအား ICT နည်းပညာအသုံးပြု၍ e-office စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ရန် နှင့် သတင်းအချက် အလက်များ လုံခြုံ စိတ်ချမှု ရှိစေရန် Security device များဝယ်ယူတပ်ဆင်ခြင်း၊ Secure Network များ တည်ဆောက် ခြင်း၊ အခြားလိုအပ်သည့် Security ပိုင်း ဆိုင်ရာ သုတေသန လုပ်ငန်းများနှင့် အစီအမံများ ထားရှိ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
(ဂ) ဝန်ကြီးဌာန၏ Web Portal မှ အချိန်နှင့်တစ်ပြေးညီ သတင်းအချက် အလက်များထုတ်ပြန်နိုင်ရေးဆောင်ရွက်ခြင်းနှင့် ဝန်ကြီးဌာနနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ပြည်သူလူထုသို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား အချိန် ကြံ့ကြာ မှုသက်သာစေရေးအတွက် Online ပေါ်မှ ဝန်ဆောင်မှုပေးသည့်စနစ်များအဖြစ် ပြောင်းလည်းအသုံးပြု နိုင်ရန်ဆောင် ရွက် သွားမည်ဖြစ်ပါသည်။
(ဃ) မြန်မာနိုင်ငံအား Good Governance and Clean Government ဖြစ်အောင် ပြုပြင်တည်ဆောက်ရန်အတွက် e-Government လုပ်ငန်း စနစ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ ဝန်ထမ်းများအတွက် အခြေခံ e- Government အထောက်အကူပြု သင်တန်းများဖွင့်လှစ် ပေးခြင်းအပြင် ထူးချွန်၍ အရည်အသွေး ပြည့်မှီ သော သင်တန်းသားများအတွက် ဒီပလိုမာဘွဲ့များ ပေးအပ် ချီမြှင့်မည့် သင်တန်းများကိုပါ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
(င) ICT ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ပြုစု ပျိုးထောင်ရာတွင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ Workshop များ၊ Seminar များ၊ Conference များ ကျင်းပခြင်း၊ နိုင်ငံတကာမှ ပြုလုပ်ကျင်းပသော ICT ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခမ်းအနားများသို့ တက်ရောက်ရန်စေလွှတ်ပေးခြင်း ၊ ICT ပညာ ရပ်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပသင်တန်းများသို့ တတ်ရောက်နိုင်ရန် စေလွှတ်ပေးခြင်းနှင့်သုတေသန လုပ်ငန်းများအား ပြည်တွင်း၊ ပြည်ပရှိ သုတေသနပြု တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
(စ) ဝန်ကြီးဌာနတစ်ခုလုံးအသုံးပြုနိုင်ရန် တည်ဆောက်ထားသော Private Cloud Data Center အား Internaltional Standard သတ်မှတ်ချက်နှင့် ကိုက်ညီသောအဆင့်ထိ မြှင့်တင်နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
(ဆ) ICT နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီမှုရှိစေရန် အတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ e-Government အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းများတွင် နည်းပညာ နောက်ကျမှု မရှိစေရေးအတွက် ICT Research Lab များ ထားရှိဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(ဇ) ICT Research Lab များ ဖြစ်ပေါ်လာရေးအတွက် သုတေလုပ်ငန်းသုံး Equipment များ ဖြည့်ဆည်းခြင်း၊ သုတေသန လုပ်ငန်းများ လုပ်ကိုင်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ စုဆောင်းခြင်း၊ ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
(ဈ) သုတေသနလုပ်ငန်းများအား ပြည်တွင်း၊ ပြည်ပရှိ တက္ကသိုလ်များနှင့် ပူးပေါင်း၍ ထိရောက်စွာပြုလုပ်နိုင်ရေးအတွက် Research and Education Network ထူထောင်ရန် ဆောင်ရန်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။