Policy

စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အီလက်ထရောနစ်အုပ်ချုပ်ရေးစနစ် ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုရှိသော သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ပေးနိုင်ရန်၊

(ခ) နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာရပ်များ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျအကျိုးရှိစွာ အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊

(ဂ) နည်းပညာဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှုများ မြှင့်တင်ပေးခြင်းနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန်အတွက် အတွေ့အကြုံကောင်းများမျှဝေထောက်ပံ့နိုင်ရန်၊

(ဃ) နိုင်ငံတော်အကျိုးပြုသုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် သုတေသနဌာနများနှင့်အဖွဲ့အစည်းများမှ စမ်းသပ်ထုတ်လုပ်လျက်ရှိသော သုတေသနစမ်းသပ်ပစ္စည်းများအား အဆင့်မြင့်အရည်အသွေးမြှင့် ထုတ်လုပ်စမ်းသပ်ပေးခြင်းနှင့် နည်းပညာဆိုင်ရာအကူအညီများပေးခြင်းဖြင့် နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပါ၀င်ဆောင်ရွက်နိုင်ရန်၊

(င) အကျိုးရှိစွာ တီထွင်ဖန်တီးနိုင်သည့်စွမ်းရည်ရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်သားအင်အားစုများ ရရှိနိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များ စနစ်တကျလေ့ကျင့်ပေးနိုင်ရန်၊

(စ) နည်းပညာရပ်ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများ မြှင့်တင်ပေးရန်၊

(ဆ) နည်းပညာရပ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စနစ်တကျ အသုံးချနိုင်ရေးတို့အတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံ များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆက်သွယ် ဆောင်ရွက်ရန်၊

(ဇ) အကျိုးရှိစွာတီထွင်ဖန်တီးနိုင်သည့်စွမ်းရည်ရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်သားအင်အားစုများရရှိနိုင်ရန်နှင့် ဒေသတွင်းအသက်မွေးဝမ်းကျောင်း ဆိုင်ရာသင်ယူနိုင်မှုအခွင့်အလမ်းများတိုးတက်ရရှိလာနိုင်စေရန် တို့အတွက် နည်းပညာရပ်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ စနစ်တကျ ပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊

(ဈ) သဘာဝအရင်းအမြစ်များ စနစ်တကျထုတ်ဖော်အသုံးချနိုင်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများတွင် ပြည်တွင်း အရည်အသွေးမှီ ဒြပ်ပစ္စည်းများနှင့် အစားထိုးသုံးစွဲရေး၊ စက်ရုံများတွင်လိုအပ်လျက်ရှိသော နယ်ပယ်အလိုက် အသုံးပြုနိုင်သည့် ဒြပ်ပစ္စည်းများထုတ်လုပ်နိုင်ရန်

(ည) နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာနှင့်ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြု နိုင်ရေးတို့အတွက် နည်းပညာတီထွင်ဆန်းသစ်မှုများနှင့် အဏုမြူစွမ်းအင် အသုံးချခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများအား ဆောင်ရွက်၍ နိုင်ငံတော်၏ လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် မျှဝေထောက်ပံ့ပေးနိုင်ရန်၊

(ဋ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးနှင့် အစာအာဟာရဆိုင်ရာ ထုတ်ကုန် များထုတ်လုပ် နိုင်ရေးနည်းပညာမြှင့်တင်ရန်

(ဌ) နည်းပညာဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံ အောင်မြင်စွာပါဝင်ချိတ်ဆက် ဆောင်ရွက်နိုင်မည့် နည်းပညာပံ့ပိုးမှုဆိုင်ရာစနစ်တစ်ခု ထူထောင်၍ အမျိုးသားအကျိုးစီးပွားတိုးတက်မှု ဆောင်ရွက်ပေးနိုင်ရန်၊

(ဍ) ကဏ္ဍအသီးသီးတွင် နည်းပညာရပ်များ စနစ်တကျအသုံးချနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်၊