Functions

စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာကို ပညာရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အထောက်အကူကောင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာအသုံးပြုနိုင်ရေး၊ နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်း ကျင်ကောင်းများ ဖန်တီးပေးရေး၊ သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ပညာရေဝန်ကြီးဌာန လက်အောက်ရှိ အခြားသောဦးစီးဌာနများ၊ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ ကျောင်းများနှင့်ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့်နည်းပညာ ဆိုင်ရာ ထောက်ပံ့ပေးမှုများ ဆောင်ရွက်သွားပါမည်။

(ခ) အစိုးရဌာနများအကြား၊ ပြည်သူလူထုနှင့် ဌာနများအကြား၊ ဌာနအတွင်း Online မှတစ်ဆင့် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်နိုင်ရေး အတွက်လိုအပ်သော Infrastructure များ တည်ဆောက်ခြင်းနှင့် နည်းပညာ ပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည်။

(ဂ) အီလက်ထရောနစ်နည်းပညာ အသုံးချသိမ်းဆည်းထားသည့် သတင်းအချက် အလက်များ ပျက်စီးခြင်း၊ ပေါက်ကြားခြင်း၊ ပျောက်ဆုံးခြင်း မရှိစေရေးအတွက် လိုအပ်သော လုံခြုံရေးအစီအမံများဆောင်ရွက်မည်။

(ဃ) ဌာန၏ e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အထောက်အကူပြု အီလက်ထရောနစ်နည်းပညာ အသုံးချသင်တန်းများ ဖွင့်လှစ်ပို့ချရန်ဆောင်ရွက်မည်။

(င) အများပြည်သူနှင့် နိုင်ငံတကာသို့ Web Site မှတစ်ဆင့် ဌာန၏အသိပေးအကြောင်းကြားလိုသည့် သတင်းအချက်အလက် များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေးဆောင်ရွက်မည်။

(စ) နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု သုတေသနလုပ်ငန်းများ အမှန်တကယ်ပေါ်ထွန်းလာစေရန်နှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အရည်အသွေးပြည့်၀သော သုတေသနစမ်းသပ်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည်။

(ဆ) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ခေတ်မီလူ့စွမ်းအားအရင်းအမြစ်များနှင့် နည်းပညာရပ်ဆိုင်ရာကျွမ်းကျင်သူများ ရရှိရေးအတွက်စီစဉ်ဆောင်ရွက်မည်။

(ဇ) ပြည်တွင်းနှင့်နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပပြုလုပ်ပေးနိုင်ရေး ဆောင်ရွက်မည်။

(စျ) မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ အလုပ်အကိုင်ဆိုင်ရာ အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေးရေးနှင့် လက်မှတ်ထုတ်ပေးရေးအတွက် တရားဝင်စစ်ဆေးရေးဌာနအဖြစ် ထူထောင်နိုင်ရေးဆောင်ရွက်မည်။