နိုင်ငံတော်၏လူမှုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် နည်းပညာရပ်များဖွံ့ဖြိုး တိုးတက်မှု နှင့်စနစ်တကျအသုံးချနိုင်မှုသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါ၀င်နေလျက်ရှိပြီး အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများအကြား နည်းပညာရပ်ဆိုင်ရာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဦးစားပေးဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နည်းပညာ မြှင့်တင်ရေး နှင့်ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းရခြင်းဖြစ်ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ၏မူဝါဒများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

(က)    ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ နှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နည်းပညာရပ်များစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် စနစ်တကျအသုံးချနိုင်ရေး ဆောင်ရွက်ရန်၊

(ခ)     အကျိုးရှိစွာတီထွင်ဖန်တီးနိုင်သည့် စွမ်းရည်ရှိပြီးယှဉ်ပြိုင်နိုင်စွမ်းရှိသော နည်းပညာရပ် ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင်ရန်အတွက် စနစ်တကျ ပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊

(ဂ)     နည်းပညာဆိုင်ရာအဖွဲ့အစည်းပေါင်းစုံ အောင်မြင်စွာ ပါဝင်ချိတ်ဆက်ဆောင်ရွက်နိုင် မည့် နည်းပညာပံ့ပိုးမှုဆိုင်ရာ စနစ်တစ်ခုထူထောင်၍ အမျိုးသားအကျိုးစီးပွား တိုးတက်မှု ဆောင်ရွက်ပေးနိုင်ရန်၊

(ဃ)    ကဏ္ဍအသီးသီးတွင် နည်းပညာရပ်များ စနစ်တကျအသုံးချနိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးရန်နှင့် နည်းပညာရပ်ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများ မြှင့်တင်ပေးရန်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော မြန်မာနိုင်ငံတော်ဖြစ်စေရန် နည်းပညာကဏ္ဍအား အလေးပေးမြှင့်တင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အသိဉာဏ်ပညာ အခြေခံသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိရန် ”

(က)    နိုင်ငံတော်၏ လူမှုစီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ ရပ်များကို စနစ်တကျ အသုံးချဆောင်ရွက်သွားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(ခ)     အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် နည်းပညာရပ်ဆိုင်ရာ မြှင့်တင်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်၍ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန်၊


အဂတိလိုက်စားမှုကင်းရှင်းရေး “1111” သို့ဖြေကြားပေးရန်ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် (ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန၊ မော်တော်ယာဉ်နည်းပညာသုတေသနဌာနမှ)  ပါဝင်ပြသခဲ့မှုမှတ်တမ်းများ


Activities News

Latest News

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

၁။            အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲကို “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်   ပါသည်။ ၂။           ...
ပိုမိုကြည့်ရှုရန်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဓာတ်ခွဲစမ်းသပ် ဝန်ဆောင်မှုလုပ်ငန်းအပေါ် အကြံပြုချက်နှင့် သဘော ထားမှတ်ချက်များ

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာနမှ ဝန်ဆောင်မှု ပေးလျက်ရှိသော ဓာတ်ခွဲစမ်းသပ် ဝန်ဆောင်မှုလုပ်ငန်းအပေါ် စိတ် ကျေနပ်မှုရှိ/မရှိ၊  ဆောင်ရွက်သည့်လုပ်ငန်းနှင့်ပတ်သက်၍ အကျိုးဖြစ်ထွန်းမှုရှိ/မရှိ စသည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများထံမှ...
ပိုမိုကြည့်ရှုရန်

အလုပ်ဝင်ခွင့် စာမေးပွဲ Scope

၂၀၂၅ ခုနှစ်တွင် ဝန်ထမ်းသစ်ခန့်ရန် လျှောက်လွှာခေါ်ယူထားသည့် လစာနှုန်း(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)နှင့် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးများအတွက်အလုပ်ဝင်ခွင့် စာမေးပွဲ Scope များကို ကြည့်ရှုနိုင်ပါသည်...
ပိုမိုကြည့်ရှုရန်

သင်တန်းများ ဖွင့်လှစ်ခြင်း


ပြပွဲများ၊ အသိပညာဆွေးနွေးပွဲများ


Activities News


လျှပ်စစ်သုံးယာဉ် အသုံးပြုသူများသိရှိလိုက်နာသင့်သည့်ဘေးကင်းလုံခြုံရေးဆိုင်ရာ သိကောင်းစရာများကို ဤနေရာတွင်အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

EV-Safety-Booklet

လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာသိကောင်းစရာများနှင့် အသုံးပြုသူများသိရှိလိုက်နာသင့်သည့်ဘေးကင်းလုံခြုံရေးဆိုင်ရာ သိကောင်းစရာများ

လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာသိကောင်းစရာများကို
ဤနေရာတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

EV-Technology


ဆက်သွယ်ရန်

ဖုန်း – 067-3404455

အီးမေးလ် – dtpcmostnpt@gmail.com

လိပ်စာ – ရုံးအမှတ်(၂၁)၊ နေပြည်တော်