ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
အမှုထမ်းရာထူးနေရာများ လျှောက်လွှာခေါ်ယူခြင်း
၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အောက်ရှိ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဌာန(နေပြည်တော်)၊ မော်တော်ယာဉ်နည်းပညာသုတေသနဌာန(ပြင်ဦးလွင်)၊ ဒြပ်ပစ္စည်းသိပ္ပံသုတေ သနဌာန(ဓာတ်တော်၊ အေလာ) များအတွက် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါရာထူးနေရာများ တွင် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပြီး လျှောက်ထားလိုသူများသည် လျှောက်လွှာများကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန(ရုံးချုပ်)၊ အထက်ဖော်ပြပါဌာနများတွင် လူကိုယ်တိုင်လာရောက် လျှောက်ထားခြင်းဖြင့်လည်းကောင်း၊ ဦးစီးဌာန၏ http://jobapplication.ictdcd.gov.mm မှတစ်ဆင့်လည်းကောင်း တင်သွင်းလျှောက်ထားနိုင်ပါသည်-
စဉ် | ရာထူး/လစာနှုန်း | လစ်လပ် နေရာ | အနိမ့်ဆုံးပညာ အရည်အချင်း | အသက် သတ်မှတ်ချက် |
(က) | ဒုတိယဦးစီးမှူး (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) | (၆)ဦး | B.E (Metallurgy, Electrical Power, Mechanical, Mechatronic) | ၃၁-၁-၂၀၂၅ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်ဖြစ် ပါက အသက် (၃၀)နှစ် ထက်မကျော်လွန် သူ၊ အစိုးရဝန်ထမ်း ဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူ |
(ခ) | ကွန်ပျူတာ လုပ်ဆောင်ရေးမှူး (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) | (၅)ဦး | B.E (Information Technology) B.C.Sc, B.C.Tech | |
(ဂ) | စက်မှုကျွမ်းကျင်(၄) (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) | (၃)ဦး | A.G.T.I (Mechanical, Electrical Power, Civil) | |
(ဃ) | အငယ်တန်းစာရေး/ စာရင်းကိုင်(၄) (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) | (၄)ဦး | ဘွဲ့တစ်ခုခုရရှိပြီးသူ | ၃၁-၁-၂၀၂၅ ရက်နေ့တွင် အသက် (၄၅)နှစ် ထက် မကျော်လွန်သူ |
(င) | စက်မှုကျွမ်းကျင်(၅) (၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) | (၃)ဦး | G.T.H.S/ ITC လက်မှတ်ရရှိပြီးသူ | ၃၁-၁-၂၀၂၅ ရက်နေ့တွင် အသက် (၃၅)နှစ် ထက် မကျော်လွန်သူ |
(စ) | ယာဉ်မောင်း(၅) (၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) | (၁)ဦး | အခြေခံပညာအလယ်တန်း အဆင့်ရှိသူ (ယာဉ်မောင်းလိုင်စင်(ခ)ရရှိပြီးသူ) | ၃၁-၁-၂၀၂၅ ရက်နေ့တွင် အသက် (၄၀)နှစ် ထက် မကျော်လွန်သူ |
(ဆ) | ရုံးအကူ (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) | (၁)ဦး | အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူ | ၃၁-၁-၂၀၂၅ ရက်နေ့တွင် အသက် (၃၅)နှစ် ထက် မကျော်လွန်သူ |
(ဇ) | သန့်ရှင်းရေးအကူ လုပ်သား/ အစောင့် (အမျိုးသား) (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) | (၇)ဦး | အခြေခံပညာအလယ်တန်း အဆင့်ရှိသူ | ၃၁-၁-၂၀၂၅ ရက်နေ့တွင် အသက် (၄၇)နှစ် ထက်မကျော်လွန်သူ |
၂။ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား အလုပ်လျှောက်လွှာခေါ်ယူသွား မည်ဖြစ်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) လုပ်ငန်းလိုအပ်ချက်အရ ဒေသခံများကို ဦးစားပေးရွေးချယ်ခန့်ထားမည်။
(ဂ) ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရသူများသည် နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင် ရွက်ရေးဦးစီးဌာန
အောက်ရှိ တာဝန်ကျရာဌာနများတွင် တစ်ဆက်တည်း လုပ်သက် အနည်းဆုံး (၃)နှစ် တာဝန်ထမ်းဆောင်ရမည်
ဖြစ်ပြီးပျက်ကွက်ပါက ရာထူးအလိုက် အောက်ပါ သတ်မှတ်လျော်ကြေးငွေကို တစ်လုံးတစ်ခဲတည်း ပေးလျော်
မည်ဟု ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်-
စဉ် | ရာထူး/လစာနှုန်း | ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရမည့်ကာလ | သတ်မှတ်ထားသော လျော်ကြေးငွေ |
(က) | ဒုတိယဦးစီးမှူး/ ကွန်ပျူတာ လုပ်ဆောင်ရေးမှူး (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) | (၃)နှစ် | ၁၀ သိန်း |
(ခ) | စက်မှုကျွမ်းကျင်(၄)/အငယ်တန်းစာရေး/ စာရင်းကိုင်(၄) (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) | (၃)နှစ် | ၅ သိန်း |
(ဂ) | စက်မှုကျွမ်းကျင်(၅)/ ယာဉ်မောင်း(၅) (၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) | (၃)နှစ် | ၅ သိန်း |
(ဃ) | ရုံးအကူ/ သန့်ရှင်းရေးအကူ/ လုပ်သား/အစောင့် (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) | (၃)နှစ် | ၅ သိန်း |
(ဃ) ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
(င) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှထုတ်ပယ်ခြင်း (Removal)ခံရသူများ လျှောက်ထားခွင့်မရှိပါ။
၃။ လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား သတင်းစာကြော်ငြာပါသည့်နေ့မှစ၍ နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန(ရုံးချုပ်)နှင့် အပိုဒ်(၁)ပါ ဌာနများတွင် ထုတ်ယူ၍ လျှောက်လွှာများကို (၂၃-၂-၂၀၂၅) ရက်နေ့ နောက်ဆုံးထားပြီး အောက်ဖော်ပြပါ စာရွက် စာတမ်းများ ပူးတွဲလျက် တိုက်ရိုက်တင်သွင်းလျှောက်ထားရမည်-
(က) ဘွဲ့လက်မှတ် / ဒီပလိုမာ (သို့) သင်တန်းဆင်းလက်မှတ် / တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်မိတ္တူ ( မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန် ) ၊ စာမေးပွဲ ဖြေဆိုခြင်း ( သို့မဟုတ် ) လူတွေ့စစ်ဆေးသည့်အခါ အဆိုပါလက်မှတ်များ မူရင်းတင်ပြရန်၊
(ခ) (၁) လအတွင်းရိုက်ကူးထားသော ပတ်စပို့ဓာတ်ပုံ(၃)ပုံ၊ အသက်အထောက်အထား အတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
(ဂ) ဝန်ထမ်းဖြစ်ပါက လျှောက်လွှာနှင့်အထောက်အထားများကို သက်ဆိုင်ရာဝန်ကြီးဌာန ၏ ခွင့်ပြုကြောင်း ထောက်ခံချက်နှင့်အတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ မြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ရုံးအမှတ် (၂၁)၊ နေပြည်တော် သို့ (၂၀ – ၂ -၂၀၂၅) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။
( ဃ) ဝန်ထမ်းမဟုတ်ပါက သက်တမ်းရှိသော အလုပ်သမား မှတ်ပုံတင်မူရင်း၊
(င) (၁) လအတွင်း ပြုလုပ်ထားသော ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာ မူရင်း၊
(စ) (၁) လအတွင်း ပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ် ရေးမှူး၏ ထောက်ခံချက်မူရင်း၊
(ဆ) (၁) လအတွင်း ပြုလုပ်ထားသော ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်း၏ ထောက်ခံချက်မူရင်း၊
(ဇ) တာဝန်ကျရာ မည်သည့်ဒေသမဆို သွားရောက်နိုင်ကြောင်း ဝန်ခံကတိပြုလွှာ
၄။ အရည်အချင်းစစ်စာမေးပွဲကို လျှောက်လွှာတင်သွင်းသည့်ဌာနများတွင် ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အမှတ်စဉ် (က)၊ (ခ)၊ (ဂ)၊ (ဃ) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို (၂၅- ၂ -၂၀၂၅) ရက်နေ့ နံနက်(၈:၀၀) နာရီမှ (၁၀:၀၀)နာရီ အထိ မြန်မာစာ၊ နံနက်(၁၁:၀၀)နာရီမှ (၁၃:၀၀)နာရီအထိ အင်္ဂလိပ်စာ၊ နေ့လယ် (၁၄:၀၀)နာရီမှ (၁၆:၀၀)နာရီ အထိ အထွေထွေဗဟုသုတဘာသာရပ်တို့ ဖြေဆိုစစ်ဆေးခြင်း။
(ခ) ရေးဖြေစာမေးပွဲအောင်မြင်ပြီးသူများနှင့် အမှတ်စဉ် (င)၊ (စ)၊ (ဆ)၊ (ဇ) ရာထူးနေရာများ အတွက် လူတွေ့/ ကျွမ်းကျင်မှုစစ်ဆေးခြင်းကို (၂၆-၂-၂၀၂၅) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခြင်း။
၅။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများ၊ အချက်အလက် မပြည့်စုံသောလျှောက်လွှာများ၊ သတ်မှတ်အရည်အချင်းနှင့်မကိုက်ညီသူများကို (လုံးဝ) ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။
၆။ အမှုထမ်းရာထူးနေရာများလျှောက်လွှာခေါ်ယူခြင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက် အလက်များ ထပ်မံသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကိုလည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း နိုင်ပါသည်-
(က) | နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်။ | ၀၆၇ – ၃၄၀၄၄၅၅ ၀၆၇ – ၃၄၀၄၄၉၂ |
(ခ) | ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (ဓာတ်တော်) | ၀၉ – ၇၅၂၉၆၆၇၇၂ ၀၃၃ – ၆၀၃၅၃ |
(ဂ) | ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) | ၀၉ – ၉၇၆၅၂၈၇၅၂ ၀၉ – ၇၇၂၆၁၂၈၀၄ |
(ဃ) | မော်တော်ယာဉ်နည်းပညာသုတေသနဌာန (ပြင်ဦးလွင်) | ၀၉ – ၈၈၂၀၄၄၆၅၄ |
နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန