အများပြည်သူ့သို့ ဝန်ဆောင်မှုဆောင်ရွက်ပေးသည့်လုပ်ငန်းများ

  • နည်းပညာမြှင့်တင်ရေးနှင့်ပူပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ ဒြပ်ပစ္စည်းသိပ္ပံ သုတေသနဌာန(အေလာ)၊နေပြည်တော်နှင့် ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (ဓာတ်တော်)၊  ကျောက်ဆည်တို့တွင် ပုဂ္ဂလိကကုမ္ပဏီများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် သုတေသန ဌာနများမှ ပေးပို့သည့် တွင်းထွက်သယံဇာတများ၊ ရေ၊ မြေ၊ သား၊ ငါး၊ စားသောက်ကုန်နှင့် အဖျော်ယမကာများတွင် သတ္တုဒြပ်စင်ပါဝင်မှုနှင့် ဂုဏ်သတ္တိများအား ဓာတ်ခွဲတိုင်းတာ ပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် ဘူမိဗေဒဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ)နှင့် ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (ဓာတ်တော်) တို့မှ  ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုများကို လက်ခံဆောင်ရွက်ပေးရာတွင် စာရွက် စာတမ်း အထောက်အထားများ လက်ခံခြင်းကို လူကိုယ်တိုင်လာရောက်၍ လည်းကောင်း၊ Online မှ ပေးပို့၍လည်းကောင်း အောက်ပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဝန်ဆောင်မှုရယူရန် လျှောက်ထားနိုင်မည့် ဆက်သွယ်ရန်လိပ်စာ

ဝန်ဆောင်မှုရယူရန်အတွက် စာရွက်စာတမ်းအပြည့်အစုံကို အောက်ဖော်ပြပါ လိပ်စာ အတိုင်းဆက်သွယ်၍ လျှောက်ထားနိုင်ပါသည်။

  • ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (ဓာတ်တော်)၊ ကျောက်ဆည် –  (e-mail address: msrc.dattaw.service2023@gmail.com ၊ ဖုန်းနံပါတ်- ၀၃၃-၆၀၃၅၃
  • ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ)၊ နေပြည်တော် – (e-mail address: chemicallabela336@gmail.com၊ ဖုန်း ၀၉-၄၂၀၇၁၄၄၇၀

ဝန်ဆောင်မှုလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ

  • ပုဂ္ဂလိကလုပ်ငန်းများအတွက်- (Customer Application Letter နှင့် Test Request Form)
  • တက္ကသိုလ်/ ကောလိပ်များမှ ကျောင်းသား/ ကျောင်းသူများအတွက်- (ကျောင်းသား/ ကျောင်းသူ၏ လျှောက်လွှာနှင့်သက်ဆိုင်ရာကျောင်းမှ ပါမောက္ခချုပ်/ဌာနမှူး၏ ထောက်ခံစာ၊ Test Request Form )

ဝန်ဆောင်မှုရယူသူများအနေဖြင့် Test Request Form ကို Softcopy & PDF အခမဲ့ Download ရယူနိုင်ပါသည်။

ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခ ပေးသွင်းခြင်းနှင့် နမူနာပစ္စည်းပေးပို့ခြင်း

  • လုပ်ငန်းအပ်နှံခြင်းအတွက် Test request form ပါ အချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်းပြီးပါက ကျသင့်ငွေပမာဏအတွက် ငွေတောင်းခံလွှာ ထုတ်ပေးမည် ဖြစ်ပါ သည်။
  • ငွေတောင်းခံလွှာထုတ်ပေးပြီးပါက ကျသင့်ငွေကို ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန  (ဓာတ်တော်) သို့မဟုတ် ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) သို့ လူကိုယ်တိုင် လာရောက်၍လည်းကောင်း၊ သက်ဆိုင်ရာဌာန၏ငွေစာရင်းအမှတ်သို့ လည်းကောင်း ဆက်သွယ်ပေးသွင်းနိုင်ပါသည်။
  • ငွေပေးသွင်းပြီးပါက တိုင်းတာမည့် နမူနာ ပစ္စည်းများကို သက်ဆိုင်ရာ ဝန်ဆောင်မှု ရယူမည့် ဌာနသို့ပေးပို့ရမည်ဖြစ်ပါသည်။

Analysis Report များထုတ်ယူခြင်း

  • ဝန်ဆောင်မှုလုပ်ငန်းပြီးစီး၍ Analysis Report များ ထုတ်ယူရာတွင် ဝန်ဆောင်မှု ရယူသူများအနေဖြင့် ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (ဓာတ်တော်) သို့မဟုတ် ဒြပ်ပစ္စည်း သိပ္ပံသုတေသနဌာန(အေလာ)ရှိ အထက်တွင်ဖော်ပြခဲ့သည့် ဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်း၍ ထုတ်ယူနိုင်ပါသည်။
  • (ယင်းသို့ ထုတ်ယူရာတွင် သက်ဆိုင်ရာဌာန၏ ငွေရပြေစာမူရင်းနှင့်ငွေသွင်းချလံ မူရင်းတို့ကိုတင်ပြရန် လိုအပ်ပါသည်။)

(မှတ်ချက်) – သိရှိလိုသော အချက်များရှိပါက ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (ဓာတ်တော်) ဖုန်းနံပါတ် – ၀၃၃-၆၀၃၅၃ နှင့် ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) ဖုန်းနံပါတ် ၀၉-၄၂၀၇၁၄၄၇၀ တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Public Services

Provision of Laboratory Testing Services for Mineral Composition and Properties

The Materials Science Research Center (Ela) in Nay Pyi Taw and the Materials Science Research Center (Dattaw) in Kyaukse under the Department of Technology Promotion and Coordination, are currently providing laboratory test services to analyze in mineral content and properties in natural resources such as minerals, water, soil, meat, fish, food and beverages. They are also conducting geological services for samples sent by private companies, universities, colleges, and research institutes.

When providing laboratory testing services, the Materials Science Research Center (Dattaw) and the Materials Science Research Center (Ela) accepts documents and evidence both in person and through the online system, as outlined below:

Contact Information for Service Application

Complete documents can be submitted to the following addresses to access the services;

Materials Science Research Center (Dattaw)in Kyaukse

  • Phone :+95 33 60353

Materials Science Research Center (Ela) in Nay Pyi Taw

  • Phone :+959 420714470

Required Documents for Service Application:

For Private Industries:

  • Customer Application Letter
  • Test Request Form

For University and College Candidates:

  • Credentials / Recommendation Letter from the Rector or Head of Department of the relevant university
  • Candidate’s Application Letter
  • Test Request Form

Service recipients can download the Test Request Form in soft copy or PDF format free of charge.

Payment of Service Fees and Delivery of Samples for Laboratory Testing Services

  • An invoice for the service fee will be issued when the applicant has fully completed and submitted the Test Request Form.
  • After the invoice is issued, the fee may be paid in person at either the Materials Science Research Center (Dattaw) or the Materials Science Research Center (Ela). Alternatively, payment can be made by contacting the relevant department using the provided account number.
  • After payment is confirmed, applicants should deliver the samples to the appropriate service department for testing.

Issuance of Analysis Report

  • After the service is completed, users/customers may contact the phone numbers provided for the Materials Science Research Center (Dattaw) or the Materials Science Research Center (ELA) to obtain the Analysis Report.
  • Customers are required to present the original receipt and the original deposit slip issued by the relevant department when collecting the report.

Further Information

For more details or inquires, you may contact the Materials Science Research Center at the following phone numbers:

Dattaw: +95 33 60353

Ela: +959 420714470