နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ ဒြပ်ပစ္စည်းသိပ္ပံ သုတေသနဌာန (ဓာတ်တော်)နှင့် (အေလာ)တို့မှ ပုဂ္ဂလိက ကုမ္ပဏီများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် သုတေသနဌာနများမှ ပေးပို့သည့် သတ္တုရိုင်း နမူနာများ၊ ဓာတုပစ္စည်းများ၊ အစားအသောက် နှင့် အလှကုန်များ စသည့်နမူနာပစ္စည်းအမျိုးမျိုးကို တိုင်းတာလိုသည့် အမျိုးအစား အလိုက် ဓာတ်ခွဲခန်း အသီးသီးမှ ဓာတ်ခွဲစမ်းသပ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝန်ဆောင်မှုလုပ်ငန်းများအတွက် စာရွက်စာတမ်းများကို လူကိုယ်တိုင်လာရောက်၍ လည်းကောင်း၊ Online System ဖြင့်လည်းကောင်း အောက်ပါအတိုင်း လျှောက်ထားနိုင်ပါသည်။

ဝန်ဆောင်မှုရယူရန် လျှောက်ထားနိုင်မည့် ဆက်သွယ်ရန်လိပ်စာ

  • ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (ဓာတ်တော်) : Email – msrc.dattaw.service 2023@gmail.com , ဖုန်း- ၀၉- ၂၁၅၁၃၉၁
  • ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) : Email – msrc.ela.service 2023@gmail. com , ဖုန်း- ၀၉- ၇၉၇၈၇၈၆၉၃

ဝန်ဆောင်မှုလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ

  • ပုဂ္ဂလိကလုပ်ငန်းများအတွက်- (Customer Application Letter နှင့် Test Request Form)
  • တက္ကသိုလ်/ ကောလိပ်များမှ ကျောင်းသား/ ကျောင်းသူများအတွက်- (ကျောင်းသား/ ကျောင်းသူ၏ လျှောက်လွှာနှင့်သက်ဆိုင်ရာကျောင်းမှ ပါမောက္ခချုပ်/ဌာနမှူး၏ ထောက်ခံစာ၊ Test Request Form )
  • ဝန်ဆောင်မှုရယူသူများအနေဖြင့် Test Request Form ( PDF) ကို အခမဲ့ Download ရယူနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက

  • ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (ဓာတ်တော်) ဖုန်းနံပါတ် – ၀၃၃-၆၀၃၅၃၊ ၀၉- ၂၂၂၅၄၆၂
  • ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) ဖုန်းနံပါတ် ၀၉-၇၉၉၂၁၁၉၂၄၊ ၀၉- ၉၇၆၅၂၈၇၅၂ တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *