အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စစ်တမ်းမေးခွန်းများ အား ကောက်ယူခြင်း၊ အကြံပြုချက်များရယူခြင်း၊ သတင်းပေးတိုင်ကြားစာများ လက်ခံခြင်း
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ
နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအား ဆောင်ရွက်ပေးလျက်ရှိသော ဓာတ်ခွဲစမ်းသပ်ပေးခြင်း ဝန်ဆောင်မှု လုပ်ငန်းနှင့် ဦးစီးဌာန၏ တင်ဒါ ခေါ်ယူဆောင်ရွက်ခြင်းလုပ်ငန်းများအတွက် သက်ဆိုင်သည့် လုပ်ငန်းအလိုက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စစ်တမ်းမေးခွန်းများ အား ကောက်ယူခြင်း၊ အကြံပြုချက်များရယူခြင်း၊ သတင်းပေးတိုင်ကြားစာများ လက်ခံခြင်း တို့ကို အောက်ဖော်ပြပါ ဦးစီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ဖုန်းနံပါတ်နှင့် အီးမေလ်းသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
ဖုန်း-၀၆၇-၃၄၀၄၄၅၅၊၀၉-၄၂၃၇၀၈၅၂၀
၀၆၇-၃၄၀၄၃၈၈၊၀၉-၂၅၄၅၇၂၉၂၈
Email – dtpcmostnpt@gmail.com,
ir.dtpc@gmail.com.
သတင်းပေးတိုင်ကြားရာတွင် တိုင်ကြားသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ဖော်ပြ၍ ဖုန်းဖြင့်လည်းကောင်း၊ အီးမေလ်းဖြင့်လည်းကောင်း သတင်း ပေးပို့ တိုင်ကြားနိုင်ပါသည်။
စစ်တမ်းမေးခွန်းများအား ဤနေရာတွင် Download ရယူနိုင်ပါသည်။

နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အကြံပြုချက်/သဘောထားမှတ်ချက်တောင်းခံခြင်း
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme (PFP) Web Portal အား အသုံးပြုဆောင်ရွက်ခြင်း
၁။ နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme (PFP) Web Portal ကို အသုံးပြု၍ ဦးစီးဌာနမှဆောင်ရွက်ပေးလျက်ရှိသော ဓာတ်ခွဲစမ်းသပ်ပေးခြင်း ဝန်ဆောင်မှု လုပ်ငန်း ရယူသူများအား မိမိတို့ဆောင်ရွက်လိုသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စိတ်ကျေနပ်မှုရှိ/မရှိ နှင့် အကြံပြုချက်များ ရှိပါက ဖြေကြားပေးနိုင်ပါရန် လူကြီးမင်းတို့၏ လက်ကိုင်ဖုန်းများကို SMS များ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ လူကြီးမင်းတို့၏ တုံ့ပြန်ဖြေကြားမှုများမှ လိုအပ်ချက်များ နှင့်အကြံပြုချက် များအပေါ် ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် SMS များ ထပ်မံပေးပို့သွားမည်ဖြစ် ပါသည်။
၂။ ယင်းသို့ SMS ပေးပို့၍ မေးမြန်းရာတွင် Short Code “1111” ကို အသုံးပြုသွား မည်ဖြစ်ပါကြောင်းနှင့် လူကြီးမင်း၏လက်ကိုင်ဖုန်းသို့ “1111” ဖြင့် SMS ဝင်လာပါက စိတ် ကျေနပ်မှုရှိ/မရှိ နှင့် လုပ်ငန်းနှင့်ပက်သက်သည့် အကြံပြုချက်များ ရှိပါက ပြန်လည်ဖြေဆိုပေး ခြင်းအားဖြင့် ဦးစီးဌာနမှဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုများကို ပိုမိုထိရောက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့
နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
၀၆၇-၃၄၀၄၄၅၅