၁။      စက်မှုဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်အတွက် စက်မှုလုပ်ငန်းများဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ စက်မှုနည်းပညာ မြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနကို ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ(၂၃) ရက်နေ့ ရက်စွဲပါ အစိုးရ အဖွဲ့ အမိန့်ကြော်ငြာစာအမှတ်(၂၆/၉၈)ဖြင့် အမှတ်(၆)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်၌ စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

ဦးစီးဌာန၏ဖွဲ့စည်းပုံ အဆင့်ဆင့်ပြောင်းလဲခဲ့မှု အခြေအနေများ

၁၉၉၈ ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ ဖွဲ့စည်းပုံပြောင်းလဲမှုများ

၂။       စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန(အေလာ) (ယခင်  သတ္တုဗေဒသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဌာန)၊ ဇီဝနည်းပညာဗဟိုဌာန၊  နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)၊ မှော်ဘီစမ်းသပ်စက်ရုံနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရွှေဇီဝလုပ်ငန်းဌာနတို့ပါဝင်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အေလာနှင့်ဘယ်လင်းတို့သည် ဦးစီးဌာန၏ အုပ်ချုပ်မှုတွင်ပါဝင်ခဲ့ပြီး ကျန်ဌာန များမှာ ဝန်ကြီးဌာန၏အုပ်ချုပ်မှုအောက်တွင် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

၃။      ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန(အေလာ)ကို ၁၉၈၁ခုနှစ်တွင် သတ္တုတွင်းဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့်ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့် (JICA) တို့မှ နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်အရ သတ္တုဗေဒသုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လယ်ဝေး မြို့နယ်၊ အေလာကျေးရွာအုပ်စုတွင် မြေဧရိယာ(၃၄၆.၆၉) ဧက အကျယ်အဝန်းဖြင့် စတင်တည်ထောင်ခဲ့ ပါသည်။ ၁၉၉၈ ခုနှစ်တွင် သတ္တုတွင်းဝန်ကြီးဌာနမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာနသို့ လွှဲပြောင်းပြီးနောက် ၁-၃-၂၀၀၀ ရက်နေ့တွင် စက်မှုနည်းပညာ မြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်သို့လည်းကောင်း၊ ၁-၄-၂၀၁၅ ရက်နေ့တွင် ဇီဝနည်းပညာနှင့်ဒြပ်ပစ္စည်းသိပ္ပံသုတေသနဦးစီးဌာနအောက်သို့လည်းကောင်း၊ ၂၂-၉-၂၀၁၆ ရက်နေ့တွင် စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဖွဲ့စည်းပုံအောက်ပါဝင်ပြီး သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏အုပ်ချုပ်မှုအောက်တွင် လည်းကောင်းတည်ရှိခဲ့ပါသည်။

၄။      နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)အား ၁၅-၂-၂၀၁၁ ရက်နေ့တွင် စက်မှုနည်းပညာ မြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ရုံးချုပ်၏ ဖွဲ့စည်းပုံအောက်တွင် ထည့်သွင်း၍ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာအနီးတွင် စုစုပေါင်း မြေနေရာ အကျယ်အဝန်း (၁၂၃)ဧကဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၂-၉-၂၀၁၆ ရက်နေ့တွင် နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံအောက်သို့ ပြောင်းရွှေ့သွတ်သွင်းခဲ့ပါသည်။

၂၀၁၅ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ဖွဲ့စည်းပုံပြောင်းလဲမှုများ

၅။      ၂၀၁၅ခုနှစ်၊ ဧပြီလမှစတင်၍ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအထိ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူပေါင်းဆောင်ရွက်ရေးဦးစီးဌာနအား ရုံးချုပ်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန လက်အောက်ရှိ     ကွန်ပျူတာတက္ကသိုလ်များနှင့် စက်မှုနှင့်သက်မွေးပညာဦးစီးဌာနလက်အောက်ရှိ နည်းပညာတက္ကသိုလ် များ စုစုပေါင်းတက္ကသိုလ်(၆၀)ကျောင်း၊ နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)၊ မော်တော်ယာဉ် နည်းပညာသုတေသနဌာန(ပြင်ဦးလွင်)၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသန ဌာန(ယခင် နည်းပညာတီထွင်ဆန်းသစ်မှုနှင့် မြှင့်တင်ရေးသင်တန်းကျောင်း)၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် ဌာန၊ နည်းပညာသုတေသနဌာန(မြိုင်)နှင့် ICT နည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန (ယခု သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန) နှင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်ဉီးစီးရုံးများ(၁၅)ရုံးအပါအဝင် စုစုပေါင်း ဌာန(၈)ခု နှင့်တက္ကသိုလ်(၆၀) ကျောင်းတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ဌာနအလိုက် ဖွဲ့စည်းပုံ သမိုင်းကြောင်းအား အောက်ပါအတိုင်း တင်ပြအပ်ပါသည်-

၆။      မော်တော်ယာဉ်နည်းပညာသုတေသနဌာနအား (၁၉၆၇-၁၉၉၈)ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၊ စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာဦးစီးဌာနလက်အောက်တွင်  စက်မှုလက်မှုအထက်တန်းကျောင်း (ပြင်ဦးလွင်)၊ (၁၉၉၈-၂၀၀၆) ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုနှင့်သက်မွေးပညာဦးစီး ဌာနလက်အောက်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်) ၊ (၂၀၀၆-၂၀၁၅) ခုနှစ်တွင် စက်မှုနှင့်သက်မွေး ပညာဦးစီးဌာနလက်အောက်တွင် နည်းပညာသုတေသနဌာန၊ (၂၀၁၅-၂၀၁၆)ခုနှစ်တွင် စက်မှုနည်းပညာ မြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနလက်အောက်တွင် မော်တော်ယာဉ်နည်းပညာသုတေသန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၇။      သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန (ယခင် ICT နည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန) အား ၁-၄-၂၀၁၅ ရက်နေ့တွင် စက်မှု နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနလက်အောက်တွင် စတင်ဖွဲ့စည်းတည်ထောင် ခဲ့ပြီး နည်းပညာနှင့်ကွန်ပျူတာတက္ကသိုလ်များ၊ စုစုပေါင်းကျောင်း(၆၀)၏ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများအား ယင်းဖွဲ့စည်းပုံ၌ ခန့်အပ်ခဲ့ပါသည်။

၈။      စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဌာန(ယခင်နည်းပညာသုတေသနဌာန၊မြိုင်)အား ၂၁-၁၂-၂၀၀၉ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ အမှတ်(၂)၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်း ထုတ်လုပ်ရေး အလုပ်ရုံကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ လွှဲပြောင်းရယူခဲ့ပြီး ၁၅-၂-၂၀၁၀ ရက်နေ့တွင် နည်းပညာ သုတေသနဦးစီးဌာန(မြိုင်) အဖြစ်စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁-၄-၂၀၁၅ ရက်နေ့တွင် စက်မှုနည်းပညာ မြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနလက်အောက်သို့ ဌာနခွဲအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၉။      သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသနဌာန (ယခင် နည်းပညာတီထွင် ဆန်းသစ်မှုနှင့်မြှင့်တင်ရေးသင်တန်းကျောင်း)အား ၁-၄-၂၀၁၅ ရက်နေ့တွင်  စက်မှုနည်းပညာမြှင့်တင် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့ပြီး ၂၂-၉-၂၀၁၆ ရက်နေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ ပြောင်းရွေ့ဖွဲ့စည်းခဲ့ပါသည်။

၁၀။    အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဌာနအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး လက်အောက်တွင် တွဲဖက်၍ စတင်ဖွဲ့စည်းထားရှိခဲ့ပြီး ၁-၄-၂၀၁၅ ရက်နေ့၌ စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင် ရွက်ရေးဦးစီးဌာန လက်အောက်တွင်ဖွဲ့စည်းခဲ့ပြီး ၂၂-၉-၂၀၁၆ ရက်နေ့တွင် သုတေသနနှင့်တီထွင်ဆန်း သစ်မှုဦးစီးဌာနသို့ ပြောင်းရွေ့ဖွဲ့စည်းခဲ့ပါသည်။

၁၁။    နည်းပညာတက္ကသိုလ် (၃၂)ကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ်(၂၈)ကျောင်း၊ စုစုပေါင်းကျောင်း (၆၀)အား စက်မှုနှင့်သက်မွေးပညာဦးစီးဌာနနှင့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနတို့မှ ၁-၄-၂၀၁၅ ရက်နေ့တွင် စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနလက်အောက်သို့ ပြောင်း  ရွှေ့ခဲ့ပြီး ၂၂-၉-၂၀၁၆ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်သို့ ပြောင်းရွှေ့ခဲ့ပါသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဖွဲ့စည်းပုံပြောင်းလဲမှုများ

၁၂။     ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စက်မှုနည်းပညာမြှ့င်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အား ရုံးချုပ်၊ မော်တော်ယာဉ်နည်းပညာသုတေသနဌာန၊ နည်းပညာသုတေသနဌာန(မြိုင်)နှင့် ICT နည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဌာန၊  ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန၊ အဏုမြူစွမ်းအင် ဌာန၊ ဇီ၀နည်းပညာသုတေသနဌာနနှင့် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း(MDI)တို့ဖြင့် စုစုပေါင်းဌာန (၈)ခု ပါဝင်ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကာလအတွင်း မော်တော်ယာဉ်နည်းပညာ သုတေသနဌာနတွင် G.T.I (ပြင်ဦးလွင်) အား ပူးတွဲဖွင့်လှစ်ခဲ့သဖြင့် နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးကြပ်အုပ်ချုပ်ခဲ့ပြီး ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန၊ အဏုမြူစွမ်းအင်ဌာန၊ ဇီ၀နည်းပညာသုတေသနဌာနနှင့် နည်းပညာသုတေ သနဌာန(မြိုင်)တို့အား သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှကြီးကြပ်အုပ်ချုပ်ခဲ့ပါသည်။ နည်းပညာ/ကွန်ပျူတာတက္ကသိုလ် စုစုပေါင်းကျောင်း (၆၀)၏ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများအား ICT နည်းပညာဖွံ့ဖြိုးရေး နှင့်ပူးပေါင်း ဆောင်ရွက်ရေးဌာန ဖွဲ့စည်းပုံ၌ ဆက်လက်ခန့်ထားခဲ့ပါသည်။ ၎င်းဌာန၏လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိသော  ICT ဘာသာရပ်ဆိုင်ရာဝန်ထမ်းများအား ဤဦးစီးဌာန(ရုံးချုပ်)ဖွဲ့စည်းပုံသို့ ပြောင်းရွှေ့ ခန့်ထားဆောင်ရွက်ခဲ့ပါသည်။ ဝန်ထမ်းခန့်ထားခြင်း မရှိသေးဘဲ ပြင်ပပညာရှင်များဖြင့် စတင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း(MDI)၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းများအား စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပြည်ထောင်စုဝန်ကြီးရုံးမှ ၂၀၁၆ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ပါသည်။ ၁၅-၁-၂၀၁၅ ရက်နေ့တွင် သတ္တုဗေဒသုတေသနဖွံ့ဖြိုးရေးလုပ်ငန်းဌာန(အေလာ)တို့နှင့် ပူးပေါင်း၍ ဒြပ်ပစ္စည်း သိပ္ပံသုတေသနဌာန အနေဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် အေလာ၏ သမိုင်းကြောင်းအား တင်ပြခဲ့ပြီးဖြစ်၍ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန(ဓာတ်တော်)၏ သမိုင်းကြောင်းအား အောက်ပါအတိုင်း တင်ပြအပ်ပါသည်-

၁၃။ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန(ဓာတ်တော်) အား၁၃-၃-၂၀၀၃ ရက်နေ့တွင်စတင်ဖွဲစည်းခဲ့ပြီး ကျောက်ဆည်မြို့မှ  ၁၆ မိုင်ခန့်အကွာ ရဒါန်းချောင်းဆုံ သစ်တောကြိုးဝိုင်းအတွင်းတွင် ဧက ၆၉၀ ခန့်ဖြင့် ရှိပါသည်။ ၁၅-၁-၂၀၁၅ ရက်နေ့တွင် ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ သတ္တုဗေဒသုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းဌာန(အေလာ)တို့နှင့် ပူးပေါင်း၍ ဇီဝနည်းပညာနှင့်ဒြပ်ပစ္စည်းသိပ္ပံသုတေသန ဦးစီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။  ၂၂-၉-၂၀၁၆ ရက်နေ့တွင် စက်မှုနည်းပညာမြှင့်တင်ရေးပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံသို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ပြီး သုတေသနနှင့်တီထွန်ဆန်းသစ်မှုဦးစီး ဌာနမှ ကြီးကြပ်ကွပ်ကဲခဲ့ပါသည်။ ၁-၁၀-၂၀၂၁ ရက်နေ့တွင် မူလဦးစီးဌာန၊ စက်မှုနည်းပညာမြှင့်တင် ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်တွင် ဆက်လက်ဖွဲ့စည်းခဲ့ပါသည်။

၂၀၂၁ ခုနှစ်မှ ယနေ့အထိ ဖွဲ့စည်းပုံပြောင်းလဲမှုများ

၁၄။    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းသည့် ၂၀၂၁ ခုနှစ် ဇွန်လတွင် မူလဌာန(၈)ခုနှင့် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(၆၀)ကျောင်းတို့ဖြင့် ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။    ၁-၁၀-၂၀၂၁ ရက်နေ့တွင် တက္ကသိုလ်(၆၀)ကျောင်းနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများအား အဆင့်မြင့်သိပ္ပံနှင့်နည်း ပညာဦးစီးဌာနဖွဲ့စည်းပုံသို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ပြီး   စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက် ရေးဉီးစီးဌာနအား နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖြစ် အမည်ပြောင်းလဲ၍ ရုံးချုပ်၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန၊ မော်တော်ယာဉ်နည်းပညာသုတေသနဌာန၊ စက်မှုနည်းပညာဖွံ့ဖြိုးတိုး တက်ရေးဌာန(မြိုင်)နှင့် သတင်းအချက်အလက်နှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန၊ စုစုပေါင်း ဌာနခွဲ(၅)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။