နိုင်ငံတော်၏လူမှုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် နည်းပညာရပ်များဖွံ့ဖြိုး တိုးတက်မှု နှင့်စနစ်တကျအသုံးချနိုင်မှုသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါ၀င်နေလျက်ရှိပြီး အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများအကြား နည်းပညာရပ်ဆိုင်ရာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဦးစားပေးဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နည်းပညာ မြှင့်တင်ရေး နှင့်ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းရခြင်းဖြစ်ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ၏မူဝါဒများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

(က)    ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ နှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နည်းပညာရပ်များစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် စနစ်တကျအသုံးချနိုင်ရေး ဆောင်ရွက်ရန်၊

(ခ)     အကျိုးရှိစွာတီထွင်ဖန်တီးနိုင်သည့် စွမ်းရည်ရှိပြီးယှဉ်ပြိုင်နိုင်စွမ်းရှိသော နည်းပညာရပ် ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင်ရန်အတွက် စနစ်တကျ ပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊

(ဂ)     နည်းပညာဆိုင်ရာအဖွဲ့အစည်းပေါင်းစုံ အောင်မြင်စွာ ပါဝင်ချိတ်ဆက်ဆောင်ရွက်နိုင် မည့် နည်းပညာပံ့ပိုးမှုဆိုင်ရာ စနစ်တစ်ခုထူထောင်၍ အမျိုးသားအကျိုးစီးပွား တိုးတက်မှု ဆောင်ရွက်ပေးနိုင်ရန်၊

(ဃ)    ကဏ္ဍအသီးသီးတွင် နည်းပညာရပ်များ စနစ်တကျအသုံးချနိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးရန်နှင့် နည်းပညာရပ်ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများ မြှင့်တင်ပေးရန်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော မြန်မာနိုင်ငံတော်ဖြစ်စေရန် နည်းပညာကဏ္ဍအား အလေးပေးမြှင့်တင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အသိဉာဏ်ပညာ အခြေခံသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိရန် ”

(က)    နိုင်ငံတော်၏ လူမှုစီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ ရပ်များကို စနစ်တကျ အသုံးချဆောင်ရွက်သွားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(ခ)     အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် နည်းပညာရပ်ဆိုင်ရာ မြှင့်တင်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်၍ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန်၊

လုပ်ငန်းတာဝန်များ

နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ

၁။ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
၂။ အရည်အသွေးမြှင့်အခြေခံသင်တန်းများဖွင့်လှစ်ခြင်း
၃။နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း
၄။ နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း

ဖွဲ့စည်းပုံဇယား

လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာသိကောင်းစရာများနှင့် အသုံးပြုသူများသိရှိလိုက်နာသင့်သည့်ဘေးကင်းလုံခြုံရေးဆိုင်ရာ သိကောင်းစရာများ

လျှပ်စစ်သုံးယာဉ် အသုံးပြုသူများသိရှိလိုက်နာသင့်သည့်ဘေးကင်းလုံခြုံရေးဆိုင်ရာ သိကောင်းစရာများကို ဤနေရာတွင်အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာသိကောင်းစရာများကို ဤနေရာတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

Activities News

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်တွင်  လျှပ်စစ်သုံးယာဉ်နည်းပညာဆိုင်ရာ သုတေသနဆောင်ရွက်ချက်များနှင့် သိကောင်းစရာများကို ပါဝင်ပြသခဲ့မှုမှတ်တမ်းများ

(၁) ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနမှ ပါဝင်ပြသခဲ့မှုများ

လျှပ်စစ်သုံးယာဉ် များတွင် အဓိကအသုံးပြုသော Lithium Ion-Battery အတွက် သတ္တုရိုင်းသိုက်များ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ လျှပ်စစ်သုံးယာဉ်ဘက်ထရီများတွင် အသုံးပြုမည့် သတ္တုဒြပ်ပါင်းများ ထုတ်လုပ်ခြင်း နှင့် အခြားလျှပ်စစ်သုံးယာဉ် ဘက်ထရီနှင့်ဆက်စပ်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပါဝင်ပြသခဲ့ပါသည်။

(၂)မော်တော်ယာဉ်နည်းပညာသုတေသနဌာနမှ ပါဝင်ပြသခဲ့မှုများ

လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာ သိကောင်းစရာအကြောင်းများနှင့် လျှပ်စစ်သုံးယာဉ် များကို ဘေးကင်းလုံခြုံမှုရှိစွာ အသုံးပြုနိုင်စေရေး သိမှတ်စရာများကို ပြည်သူလူထုနှင့် ထိတွေ့ပေးပြီး အသိပညာဗဟုသုတများ တိုးပွားလာနိုင်စေရန်၊ လျှပ်စစ်သုံးယာဉ် ပြောင်းလဲ အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝများ ပိုမိုတိုးတက်ကောင်းမွန်မည့် အခြေအနေများအား အများပြည်သူသိရှိလာနိုင်စေရန်၊ လျှပ်စစ်သုံးယာဉ်များ၏ ကောင်းကျိုး များကိုသိရှိပြီး ပြည်သူများအကြား လက်ခံသုံးစွဲလာနိုင်စေရန်နှင့် လျှပ်စစ်သုံးယာဉ် အသုံးပြု သူများ သိရှိလိုက်နာသင့်သည့် ‌ဘေးကင်းလုံခြုံရေးဆိုင်ရာ သိကောင်းစရာများကို ပါဝင်ပြသ ခဲ့ပါသည်။


Activities News


နောက်ဆုံးရသတင်းများ

Photo News

Materials Science Research Center (DatTaw)


Automotive Technology Research Institute (PyinOoLwin)


Materials Science Research Center (Ela)


Contact Information

067-3404455

dtpcmostnpt@gmail.com