နိုင်ငံတော်၏လူမှုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် နည်းပညာရပ်များဖွံ့ဖြိုး တိုးတက်မှု နှင့်စနစ်တကျအသုံးချနိုင်မှုသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါ၀င်နေလျက်ရှိပြီး အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများအကြား နည်းပညာရပ်ဆိုင်ရာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဦးစားပေးဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နည်းပညာ မြှင့်တင်ရေး နှင့်ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းရခြင်းဖြစ်ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ၏မူဝါဒများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

(က)    ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ နှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နည်းပညာရပ်များစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် စနစ်တကျအသုံးချနိုင်ရေး ဆောင်ရွက်ရန်၊

(ခ)     အကျိုးရှိစွာတီထွင်ဖန်တီးနိုင်သည့် စွမ်းရည်ရှိပြီးယှဉ်ပြိုင်နိုင်စွမ်းရှိသော နည်းပညာရပ် ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင်ရန်အတွက် စနစ်တကျ ပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊

(ဂ)     နည်းပညာဆိုင်ရာအဖွဲ့အစည်းပေါင်းစုံ အောင်မြင်စွာ ပါဝင်ချိတ်ဆက်ဆောင်ရွက်နိုင် မည့် နည်းပညာပံ့ပိုးမှုဆိုင်ရာ စနစ်တစ်ခုထူထောင်၍ အမျိုးသားအကျိုးစီးပွား တိုးတက်မှု ဆောင်ရွက်ပေးနိုင်ရန်၊

(ဃ)    ကဏ္ဍအသီးသီးတွင် နည်းပညာရပ်များ စနစ်တကျအသုံးချနိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးရန်နှင့် နည်းပညာရပ်ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများ မြှင့်တင်ပေးရန်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော မြန်မာနိုင်ငံတော်ဖြစ်စေရန် နည်းပညာကဏ္ဍအား အလေးပေးမြှင့်တင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အသိဉာဏ်ပညာ အခြေခံသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိရန် ”

(က)    နိုင်ငံတော်၏ လူမှုစီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ ရပ်များကို စနစ်တကျ အသုံးချဆောင်ရွက်သွားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(ခ)     အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် နည်းပညာရပ်ဆိုင်ရာ မြှင့်တင်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်၍ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန်၊


(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်တွင်  ပါဝင်ပြသခဲ့မှုမှတ်တမ်းများ

(၁) ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနမှ ပါဝင်ပြသခဲ့မှုများ

(၂)မော်တော်ယာဉ်နည်းပညာသုတေသနဌာနမှ ပါဝင်ပြသခဲ့မှုများ


Activities News

Latest News

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဌာနမှ ဆောင်ရွက်လျက်ရှိသော ဓာတ်ခွဲစမ်းသပ် ဝန်ဆောင်မှုလုပ်ငန်းအပေါ်အကြံပြုချက်နှင့် သဘောထား မှတ်ချက်များ

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာနမှ ဆောင်ရွက်လျက်ရှိသော ဓာတ်ခွဲစမ်းသပ် ဝန်ဆောင်မှုလုပ်ငန်းအပေါ် စိတ် ကျေနပ်မှု ရှိ/မရှိ၊ ဆောင်ရွက်သည့်လုပ်ငန်းနှင့်ပတ်သက်၍ အကျိုးဖြစ်ထွန်းမှုရှိ/မရှိ စသည်ဖြင့် ဝန်ဆောင်မှု လုပ်ငန်း...
ပိုမိုကြည့်ရှုရန်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်တင်ဒါအောင်မြင်ဝယ်ယူခဲ့သော ကုမ္ပဏီများမှအကြံပြုချက်များနှင့် သဘောထားမှတ်ချက်များ

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တင်ဒါအောင်မြင်ဝယ်ယူခဲ့သော ကုမ္ပဏီများမှ ဦးစီးဌာန၏တင်ဒါ လုပ်ငန်းဆောင်ရွက်မှုတို့အပေါ် ပွင့်လင်းမြင်သာမှုရှိ/မရှိ၊ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှု ရှိ/မရှိ စသည်ဖြင့် အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များ...
ပိုမိုကြည့်ရှုရန်

သတ္တုပါဝင်မှုနှင့်ဂုဏ်သတ္တိများအားဓာတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်း

နည်းပညာမြှင့်တင်ရေးနှင့်ပူပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ ဒြပ်ပစ္စည်းသိပ္ပံ သုတေသနဌာန(အေလာ)၊နေပြည်တော်နှင့် ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (ဓာတ်တော်)၊  ကျောက်ဆည်တို့တွင် ပုဂ္ဂလိကကုမ္ပဏီများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် သုတေသန ဌာနများမှ ပေးပို့သည့် တွင်းထွက်သယံဇာတများ၊ ရေ၊ မြေ၊...
ပိုမိုကြည့်ရှုရန်

သင်တန်းများ ဖွင့်လှစ်ခြင်း

ကွန်ပျူတာသင်တန်း၊ ရုံးအမှတ်(၂၁)

Website Administration and Management
သင်တန်းဖွင့်လှစ်ခြင်း


Activities News


လျှပ်စစ်သုံးယာဉ် အသုံးပြုသူများသိရှိလိုက်နာသင့်သည့်ဘေးကင်းလုံခြုံရေးဆိုင်ရာ သိကောင်းစရာများကို ဤနေရာတွင်အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

EV-Safety-Booklet

လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာသိကောင်းစရာများနှင့် အသုံးပြုသူများသိရှိလိုက်နာသင့်သည့်ဘေးကင်းလုံခြုံရေးဆိုင်ရာ သိကောင်းစရာများ

လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာသိကောင်းစရာများကို
ဤနေရာတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

EV-Technology


ဆက်သွယ်ရန်

ဖုန်း – 067-3404455

အီးမေးလ် – dtpcmostnpt@gmail.com

လိပ်စာ – ရုံးအမှတ်(၂၁)၊ နေပြည်တော်