နိဒါန်း

မော်တော်ယာဉ်နည်းပညာ သုတေသနဌာန (ပြင်ဦးလွင်)တွင် နည်းပညာဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နည်းပညာအကူအညီပေးခြင်း၊ နည်းပညာအထောက်အပံ့ပေးခြင်းနှင့် နည်းပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

နောက်ခံသမိုင်းကြောင်း

ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတည်ထောင်ရေးတွင် အဓိကအရေးပါသော သုတေသန လုပ်ငန်းများဆောင်ရွက်ရန်အတွက် ၂၀၁၅ခုနှစ်၊ဧပြီလ(၁)ရက်နေ့မှစ၍ မော်တော်ယာဉ်နည်းပညာ သုတေသနဌာနအဖြစ် မူလနည်းပညာသုတေသနဌာန(ပြင်ဦးလွင်)အား ဖွဲ့စည်းဆောင်ရွက်ခဲ့ပါ သည်။ မော်တော်ယာဉ်နည်းပညာသုတေသနဌာနအား ယခင် စက်မှုလက်မှုအထက်တန်းကျောင်း (ပြင်ဦးလွင်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)နှင် နည်းပညာသုတေသနဌာန (ပြင်ဦးလွင်)မှ မော်တော်ယာဉ်နည်းပညာသုတေသနဌာနသို့ အောက်ဖော်ပြပါအတိုင်း အဆင့်ဆင့်တိုးမြှင့် ဖွင့်လှစ် ခဲ့ပါသည်။

(က) စက်မှုလက်မှုအထက်တန်းကျောင်း(ပြင်ဦးလွင်)၊ စက်မှု၊စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန (၁၉၆၇-၁၉၉၈)

(ခ) အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန (၁၉၉၈-၂၀၀၆)

(ဂ) နည်းပညာသုတေသနဌာန၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန (၂၀၀၆-၂၀၁၅)

(ဃ) မော်တော်ယာဉ်နည်းပညာသုတေသနဌာန၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (၂၀၁၅-၂၀၁၆)

(င) မော်တော်ယာဉ်နည်းပညာသုတေသနဌာ၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင် ရွက်ရေးဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (၂၀၁၆-၂၀၂၁)

(စ) မော်တော်ယာဉ်နည်းပညာသုတေသနဌာ၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင် ရွက်ရေးဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (၂၀၂၁မှ ယနေ့အထိ)

တည်နေရာ၊အကျယ်အဝန်း

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် မြို့ပတ်လမ်းဆုံတွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ (၁၉.၃) ဧက ရှိပါသည်။

ရည်ရွယ်ချက်

(က)    နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာ အဖွဲ့ အစည်းများ၊ နည်းပညာ တက္ကသိုလ်/ ကောလိပ်/ သိပ္ပံ/ ကျောင်းများ၊ သုတေသနဌာနများနှင့် ပူးပေါင်း ဆောင်ရွက်၍ အရည်အသွေး ပြည့်ဝသော သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို ပြည်တွင်း၌ စျေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ပေးနိုင်ရန်

(ခ)     ဆရာ၊ ဆရာမများ၏ သင်ကြားမှု နှင့် လက်တွေ့ ကျွမ်းကျင်မှု အရည်အသွေးများ အစဉ်အမြဲ တိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု မြင့်မားစေရန်

(ဂ)     စက်မှုလုပ်ငန်းများ၏ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်

လုပ်ငန်းတာဝန်များ

(က)    á€™á€ąá€Źá€şá€á€ąá€Źá€şá€šá€Źá€‰á€şá€”ည်းပညဏဆိုင်ရဏ စက်မှုကဏ္ဍနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေ ရန်အတွက် အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းအသီးသီးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ခြင်း၊

(ခ)     á€á€ąá€á€şá€™á€Žá€”ည်းပညဏမဝဏး စနစ်တကျဖြင့် တွင်တွင်ကျယ်ကျယ် အသုံးချနိုင်လာစေရန် ရည်ရွယ် ၍ စက်ပစ္စည်းများအား နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ပေးခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊

(ဂ)     á€•ဟည်တွင်းရသိ စက်မှုဇုန်များ၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နည်းပညာများ စနစ်တကျအသုံးချနိုင်စေရေးတို့အတွက်  နည်းပညာအကူအညီပေးခြင်းနှင့် နည်းပညာ ဖြန့်ဝေပေး ခြင်း လုပ်ငန်းများအားဆောင်ရွက်ခြင်း၊

(ဃ)    á€”ည်းပညဏရပ်မဝဏး စဉ်ဆက်မပြတ် လေ့လာသင်ယူမျှဝေနိုင်ရန်၊ အသုံးချဆောင်ရွက် နိုင်ရန် နှင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ဌာနတွင်းဝန်ထမ်းများနှင့် အသစ်ခန့်အပ်သော ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများနှင့် နည်းပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊

(င)     á€”á€Šá€şá€¸á€•á€Šá€Źá€á€€á€šá€€á€žá€­á€Żá€œá€şáŠ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ၏ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆောင်ရွက်ပေးနိုင်မည့် လက်တွေ့သင်ထောက်ကူပစ္စည်းများအား သုတေသနပြု ထုတ်လုပ် ခြင်းနှင့် အသုံးချနည်းသင်တန်များ၊ ဆွေးနွေးပွဲများဆောင်ရွက်ပေးခြင်း၊

(စ)     á€”á€Šá€şá€¸á€•á€Šá€Źá€Ąá€‘á€ąá€Źá€€á€şá€Ąá€€á€°á€•á€źá€Żá€œá€Żá€•á€şá€„á€”á€şá€¸á€™á€ťá€Źá€¸á€Ąá€”á€ąá€–á€źá€„á€ˇá€ş နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများအသီးသီးရှိ ဆရာ/မ၊ ကျောင်းသား/သူ၊ ဝန်ထမ်းများ၏ သုတေသန လုပ်ငန်းများအား ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊

(ဆ)    á€”ည်းပညဏ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများရှိ ကျောင်းသား/သူများအတွက် လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန်နှင့် နည်းပညာလက်တွေ့ အသုံးချဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နည်းပညာ ဆိုင်ရာသင်တန်းများဆောင်ရွက်ပေးခြင်း၊

(ဇ)     á€”ည်းပညဏဆိုင်ရဏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နည်းပညာရပ် များ စနစ်တကျအသုံးချလာနိုင်စေရေးနှင့် သင်ယူမှုအခွင့်အလမ်း တိုးမြှင့်ရရှိနိုင်စေရေးတို့ အား ရည်ရွယ်၍ လုပ်ငန်းခွင်လက်တွေ့အသုံးချ ကျွမ်းကျင်မှုအခြေပြု ကာလတို သင်တန်း များအား ဒေသလိုအပ်ချက်နှင့်အညီ ဒေသတွင်းလူငယ်လူရွယ်များအတွက် ဖွင့်လှစ် ဆောင်ရွက်ပေးခြင်း၊

(ဈ)     Electric Vehicleဆိုင်ရာ နည်းပညာများ လေ့လာခြင်း၊ ပြည်တွင်း EV ထုတ်လုပ်သူ/ ဖြန့်ဖြူးသူများ၏ ကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်၍ နည်းပညာဆိုင်ရာ သင်တန်းများ ပြုလုပ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် Electric Vehicle ပြုပြင် ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာကျွမ်းကျင်သူများ (Master Trainer) မွေးထုတ်ခြင်း၊

အင်တာနက် အသုံးပြု စောင့်ကြည့်စနစ် ပါဝင်သော လျှပ်စစ်သုံးယာဉ် ဆိုလာ ပါဝါ အားသွင်းစနစ်၏ ဒီဇိုင်း ဆောင်ရွက်ခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့် လေ့လာသုံးသပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ

လျှပ်စစ်သုံးယာဉ် ဘက်ထရီ စနစ်၏ နည်းပညာဆိုင်ရာ များအား လေ့လာအသုံးချနိုင်ရန်အတွက် ဒီဇိုင်းပြုလုပ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် လေ့လာသုံးသပ်ခြင်း သုတေသနလုပ်ငန်းများ

လျှပ်စစ်သုံးယာဉ်၏ အားသွင်းခြင်းဆိုင်ရာ အခြေခံ နည်းပညာများကို
ကိုယ်တိုင်လေ့လာ သင်ယူနိုင်သော ပုံစံငယ်နှင့် EV Charging System Softwareဆောင်ရွက်ထားရှိပုံ

လျှပ်စစ်သုံးယာဉ်၏ ဘက်ထရီထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို ကိုယ်တိုင်လေ့လာ သင်ယူ နိုင်သောပုံစံငယ်နှင့် Lithium Battery Production Process System Software ဆောင်ရွက်ထားရှိပုံ

(၂၆.၄.၂၀၂၄)ရက်နေ့၊ လူရည်ချွန်မောင်မယ်တွ့ဆုံပွဲ၊ MICC II နေပြည်တော်တွင်EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် နည်းပညာပြန့်ပွားရေးအတွက် ပါဝင်ပြသ Quiz များဖြေဆိုနေမှု

မန္တလေးနည်းပညာတက္ကသိုလ်တွင်ကျင်းပသည့် အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ဂုဏ်ပြုအင်ဂျင်နီယာပွဲတော်တွင် ပါဝင်ပြသဆောင်ရွက်မှု မှတ်တမ်း

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ပြသဆောင်ရွက်နေမှုများ

(၂၄.၆.၂၀၂၅)ရက်နေ့တွင် Naypyitaw State Polytechnic University ၌ကျင်းပသော လျှပ်စစ်သုံးယာဉ်နည်းပညာဆိုင်ရာ ပြန့်ပွားရေးနှင့်အသိပညာ‌ပေးဆွေးနွေးပွဲ(၁/၂၀၂၅)

(၂၇.၆.၂၀၂၅)ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် လျှပ်စစ်သုံးယာဉ်နည်းပညာဆိုင်ရာ ပြန့်ပွားရေးနှင့်အသိပညာ‌ပေးဆွေးနွေးပွဲ(၂/၂၀၂၅)

EV Taxi ယာဉ်မောင်းများအတွက် လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာ အသိပညာပေးဟောပြောပွဲ

မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ဆိုင်ရာ မူဝါဒ (မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၅)တွင် လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာပြပွဲပါဝင်ဆောင်ရွက်မှုများ

(၃.၂.၂၀၂၆) ရက်နေ့ Naypyitaw State Polytechnic University (NSPU) တွင် ကျင်းပပြုလုပ်သော လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ၌ Solar-Powered EV Charging Point with IoT Based Monitoring System သုတေသနကို ပါဝင်ပြသခြင်း

(၆.၂.၂၀၂၆)မှ (၁၄.၂.၂၀၂၆)ရက်နေ့ အထိ နေပြည်တော် ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် Solar-Powered EV Charging Point with IoT Based Monitoring Systemကို ပါဝင်ပြသခြင်း

လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုသင်တန်း “EV Intensive Program for Workshop Technician” အမှတ်စဥ်(၂/၂၀၂၅)

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့(NSSA) ၏ အမျိုးသားအဆင့် အသိအမှတ်ပြုနည်းပညာရပ်ဆိုင်ရာ Automotive Mechanic ကျွမ်းကျင်သူများရရှိရေးအတွက် စစ်ဆေးအကဲဖြတ် ဆောင်ရွက်ပေးခြင်း

အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) Assessment Center ၌ Automotive Mechanic Level-1 အလုပ်အကိုင်အတွက် စစ်ဆေးအကဲဖြတ်ရေးအဖွဲ့တွင်ပါဝင်ဆောင်ရွက်မှုများ

အမှတ်(၅) စက်မှုသင်တန်း ကျောင်း (မကွေး)၊ ၌ Automotive Mechanic Level-1 အလုပ်အကိုင်အတွက် ပါဝင်ဆောင်ရွက်မှုများ

မန္တလေးနည်းပညာတက္ကသိုလ်၊ စက်မှုမဟာအင်ဂျင်နီယာသင်တန်း သုတေသနအတွက် လျှပ်စစ်ကားပုံစံငယ်ပြုလုပ်ရာတွင် နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ပေးနေမှု

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးအသိပညာပေးနှင့် နည်းပညာပြန့်ပွားရေးဟောပြောပွဲ ဆောင်ရွက်မှုများ

မော်တော်ယာဉ်နည်းပညာသုတေသနဌာနမှ á€•á€źá€„á€şá€Śá€¸á€œá€˝á€„á€şá€™á€źá€­á€Żá€ˇáŠ မြို့တော်ခန်းမတွင် အခြေခံပညာအထက်တန်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အစိုးရစက်မှုလက်မှု သိပ္ပံ(ပြင်ဦးလွင်)မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား လျှပ်စစ်သုံးယာဉ် ပြောင်းလဲအသုံးပြုခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူနေမှုဘဝများ ပိုမိုတိုးတက် ကောင်းမွန်မည့် အခြေအနေများအား သိရှိလာနိုင်စေရန်၊ လျှပ်စစ်သုံးယာဉ်များ၏ ကောင်းကျိုးများကို သိရှိပြီး လက်ခံသုံးစွဲ လာနိုင်စေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ရည်ရွယ်၍ လျှပ်စစ်သုံးယာဉ်အကြောင်း သိကောင်းစရာများ၊ About EV and Technology Panel နှင့် EV Prototype for Simulation and Safety System á€á€­á€Żá€ˇá€€á€­á€Ż Computer Software ပေါင်းစပ်အသုံးပြုမှုများကို အသိပညာပေး‌ဟောပြောခြင်းများအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် ပညာပြန့်ပွားရေးဟောပြောပွဲ ဆောင်ရွက်မှု မှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် ပညာပြန့်ပွားရေးဟောပြောပွဲ ဆောင်ရွက်မှု မှတ်တမ်း

BYD Qin 2017 Electric Vehicle ပါဝင် ပြသနေမှု မှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် ပညာပြန့်ပွားရေးဟောပြောပွဲ ဆောင်ရွက်မှု မှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် ပညာပြန့်ပွားရေးဟောပြောပွဲ ဆောင်ရွက်မှု မှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေး နှင့် နည်းပညာပြန့်ပွားရေးဟောပြောပွဲ ခင်းကျင်းပြသမှုမှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် ပညာပြန့်ပွားရေးဟောပြောပွဲ ဆောင်ရွက်မှု မှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် ပညာပြန့်ပွားရေးဟောပြောပွဲ ဆောင်ရွက်မှု မှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေး နှင့် နည်းပညာပြန့်ပွားရေးဟောပြောပွဲ ခင်းကျင်းပြသမှုမှတ်တမ်း

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် ပါဝင်ပြသခဲ့သည့် မှတ်တမ်းဓါတ်ပုံများ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် လျှပ်စစ်သုံးယာဉ်များအကြောင်းနှင့် နည်းပညာများကို ပြည်သူလူထုနှင့် ထိတွေ့ ပေးနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားလာနိုင်စေရန်အတွက် About EV and Technology Panel နှင့် EV Prototype for Simulation and Safety System á€á€­á€Żá€ˇá€€á€­á€Ż Computer Software ပေါင်းစပ်အသုံးပြု၍ ရှင်းလင်းပြောကြားပေးခြင်း၊  လေ့လာသူများ ကိုယ်တိုင်ပါဝင် လေ့လာစေ ခြင်းနှင့် Electric Vehicle နည်းပညာဆိုင်ရာနှင့် ဘေးကင်းလုံခြုံမှူရှိစွာ အသုံးပြုနိုင်စေရေး Quiz များဖြေဆိုစေ၍ အမှတ်တရ လက်ဆောင်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ ပြပွဲတွင် လာရောက် ကြည့်ရှု လေ့လာသူ အများအပြား ရှိခဲ့ပြီး Electric Vehicle နည်းပညာဆိုင်ရာနှင့် ဘေးကင်းလုံခြုံမှူရှိစွာ အသုံးပြုနိုင်စေရေး Quiz ဝင်ရောက်ဖြေဆိုခဲ့သူများကို မှတ်တမ်း ပြုစုထားရာ ဝင်ရောက် ဖြေဆိုသူ အရေအတွက် (၅၈၁) ဦး ရှိကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် လျှပ်စစ်သုံးယာဉ်အကြောင်း သိကောင်းစရာများနှင့် လျှပ်စစ်သုံးယာဉ် အသုံးပြုသူ များ သိရှိလိုက်နာသင့်သည့် ‌ဘေးကင်းလုံခြုံရေးဆိုင်ရာ သိကောင်းစရာများ အမည်ဖြင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းနှင့် EV Prototype for Simulation and Safety System á€Ąá€žá€Żá€śá€¸á€•ဟုပဟဎး  လာရောက် ကြည့်ရှုသူများအား လျှပ်စစ်သုံးယာဉ်ဆိုင်ရာ နည်းပညာများအကြောင်းကို ကိုယ်တိုင်လေ့လာ သိရှိနိုင်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

About EV and Technology Panel အားရှင်းလင်းပြောကြားနေမှု မှတ်တမ်း

About EV and Technology Panel ပါဝင် ပြသ Quiz များဖြေဆိုနေမှု မှတ်တမ်း

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် ပါဝင်ပြသနေမှု မှတ်တမ်း

EV Prototype for Simulation and Safety System ပါဝင် ပြသ Quiz များဖြေဆိုနေမှု မှတ်တမ်း

About EV Prototype for Simulation and Safety System အားရှင်းလင်းပြောကြားနေမှု မှတ်တမ်း

About EV and Technology Panel နှင့် EV Prototype for Simulation and Safety System အား ခင်းကျင်းပြသမှုမှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ တွင် ပါဝင်ဆောင်ရွက်မှုများ

(၁၈.၁.၂၀၂၄)ရက်နေ့တွင် á€”ည်းပညဏ၊   သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)၌ EV တင်သွင်း/ အသုံးပြုသော ကုမ္ပဏီများ၊ NSSA မှ EV ဆိုင်ရာ စံနှုန်းရေးဆွဲရေး အဖွဲ့ဝင်များ၊ EV Charging Station တည်ဆောက်နေသော ကုမ္ပဏီများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကားပြင်အလုပ်ရုံကြီးများ၊ MRCCI နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ AGTI Society နှင့် GTHS Society မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျောင်းသား၊ ကျောင်းသူများအား EV ဆိုင်ရာ အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲတွင် ပါဝင်ဆွေးနွေးဟောပြောခဲ့ပါသည်။

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်နေမှု မှတ်တမ်း

လျှပ်စစ်သုံးယာဉ် အသုံးပြုသူများမှ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ဘေးကင်း လုံခြုံရေးဆိုင်ရာဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်မှုမှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်နေမှု မှတ်တမ်း

လျှပ်စစ်သုံးယာဉ် အသုံးပြုသူများမှ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ဘေးကင်း လုံခြုံရေးဆိုင်ရာဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်မှုမှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်နေမှု မှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်နေမှု မှတ်တမ်း

မကွေးတိုင်းဒေသကြီး၊လူငယ်များဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်တွင် EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးအသိပညာပေးနှင့် နည်းပညာပြန့်ပွားရေး ပါဝင်ဆောင်ရွက်ပြသခဲ့မှု

မော်တော်ယာဉ်နည်းပညာသုတေသနဌာနမှ á€™á€€á€˝á€ąá€¸á€á€­á€Żá€„်းဒ္သကဟဎး၊ လူငယ်များဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်တွင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ကို  လျှပ်စစ်သုံးယာဉ် ပြောင်းလဲ အသုံးပြုခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူနေမှုဘဝများ ပိုမိုတိုးတက် ကောင်းမွန်မည့် အခြေအနေများအား သိရှိလာနိုင်စေရန်၊ လျှပ်စစ်သုံးယာဉ်များ၏ ကောင်းကျိုးများကို သိရှိပြီး လက်ခံသုံးစွဲ လာနိုင်စေရန် လျှပ်စစ်သုံးယာဉ် သုံးစွဲရာတွင် ဘေးကင်းလုံခြုံမှုရှိစေရန် ရည်ရွယ်၍ လျှပ်စစ်သုံးယာဉ်အကြောင်း သိကောင်းစရာများ၊ About EV and Technology Panel နှင့် EV Prototype for Simulation and Safety System á€á€­á€Żá€ˇá€€á€­á€Ż Computer Software ပေါင်းစပ် အသုံးပြုမှုများကို ပုံစံငယ်များ ခင်းကျင်းပြသ၍ အသိပညာပေး‌ ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေး နှင့် နည်းပညာပြန့်ပွားရေးဟောပြောပွဲ ဆောင်ရွက်မှု မှတ်တမ်း

EV Prototype for Simulation and Safety System ပါဝင် ပြသ Quiz များဖြေဆိုနေမှု မှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေး နှင့် နည်းပညာပြန့်ပွားရေးဟောပြောပွဲ ဆောင်ရွက်မှု မှတ်တမ်း

EV Prototype for Simulation and Safety System ပါဝင် ပြသ Quiz များဖြေဆိုနေမှု မှတ်တမ်း

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေး နှင့် နည်းပညာပြန့်ပွားရေးဟောပြောပွဲ ဆောင်ရွက်မှု မှတ်တမ်း

About EV and Technology Panel ပါဝင် ပြသ Quiz များဖြေဆိုနေမှု မှတ်တမ်းခင်းကျင်းပြသမှုမှတ်တမ်း

သင်ကြားရေးလုပ်ငန်းများအတွက် သင်ထောက်ကူပစ္စည်းများ သုတေသနပြုစမ်းသပ်ထုတ်လုပ်ခြင်း

မော်တော်ယာဉ်နည်းပညာသုတေသနဌာန(ပြင်ဦးလွင်) အနေဖြင့် သင်ကြားရေး အထောက် အကူပြု သင်ထောက်ကူပစ္စည်းများကို စမ်းသပ်သုတေသနပြု ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှစ၍ ဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ၏ လက်တွေ့ သင်ကြားရေးလုပ်ငန်းများတွင် ထိရောက်အကျိုးရှိစေရန် ရည်ရွယ်၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အောက်ပါ သင်ထောက်ကူပစ္စည်းများကို ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည် –

(၁) Lighting System Trainer (Electric Car) (၁) စုံ

(၂) Pneumatic Control System Trainer (၅) စုံ နှင့် Electro-Pneumatic Control System Trainer (၅) စုံ

(၃) 3D Printing ဖြင့် သင်ထောက်ကူပစ္စည်းများ (Differential model (၁၀) စုံ နှင့် V8 Engine model (၁၀) စုံ ပြုလုပ်ပေးခြင်း

ဆောင်ရွက်ပြီးစီးသွားသော သင်ထောက်ကူ ပစ္စည်းများကို နည်းပညာဆိုင်ရာ ပြပွဲများတွင် ပါဝင်ပြသခြင်း နှင့် မော်တော်ယာဉ်နည်းပညာသုတေသနဌာန တွင် ပြုလုပ်သော Industrial Training များ၊ ဆရာ/မ မွမ်းမံသင်တန်းများနှင့် ပြင်ပ ကျွမ်းကျင်သင်တန်းများတွင် ထည့်သွင်း၍ စမ်းသပ်သုံးစွဲလျှက်ရှိပြီး အဆိုပါ စမ်းသပ်သုံးစွဲမှုများမှ ရရှိလာသော Feedback များ၊ အချက် အလက်များကို အခြေခံပြီး ပိုမို ကောင်းမွန် သင့်တော်သော အဆင့်မြင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

လိုအပ်ချက်အရ တောင်းခံလာသော နည်းပညာ တက္ကသိုလ်/ ကောလိပ်/ သိပ္ပံ/ ကျောင်း များသို့ အဆိုပါ သင်ထောက်ကူပစ္စည်းများကို ခွဲဝေပေးခြင်း (သို့) နည်းပညာ မျှဝေပေးခြင်း (သို့) အသစ်ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Lighting System Trainer (Electric Car) သုတေသနပြု ဆောင်ရွက်ခြင်း

Electro-Pneumatic Control System Trainer သုတေသနပြု ဆောင်ရွက်ခြင်း

Lighting System Trainer (Electric Car) သုတေသနပြု ဆောင်ရွက်ခြင်း

3D Printing ဖြင့် သင်ထောက်ကူပစ္စည်းများ V8 Engine model (၁၀) စုံ ဆောင်ရွက်ခြင်း

Pneumatic Control System Trainer သုတေသနပြု ဆောင်ရွက်ခြင်း

3D Printing ဖြင့် သင်ထောက်ကူပစ္စည်းများ Differential model (၁၀) စုံ ဆောင်ရွက်ခြင်း

သုတေသနပြု ထုတ်လုပ်ထားသည့် သင်ထောက်ကူပစ္စည်းများကို လွှဲပြောင်းပေးခြင်းနှင့် အသုံးပြု နည်းပညာများမျှဝေခြင်းတို့ကို ဆောင်ရွက်ခြင်း

နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများရှိ အီလက်ထရောနစ် အင်ဂျင် နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်းနှင့် စက်မှုလုပ်ငန်းအင်ဂျင်နီယာ ဘာသာရပ် သင်တန်း၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု အင်ဂျင်နီယာသင်တန်းများ အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် သုတေသနပြု ဆောင်ရွက်ပြီးစီးသည့် သင်ထောက်ကူ ပစ္စည်းများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှစ၍ Pneumatic and Electro-Pneumatic Control System Trainer Board အသုံးချနည်းပညာ မျှဝေခြင်းသင်တန်းအား(၁၁-၅-၂၀၂၂) မှ (၁၆-၅-၂၀၂၂) ထိ အစိုးရစက်မှုလက်မှုသိပ္ပံ၊ စက်မှုအင်ဂျင်နီယာဌာန မှ ဆရာ၊ ဆရာမ များအား ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းနှင့် (၂၆.၁၂.၂၀၂၂) မှ (၂၉.၁၂.၂၀၂၂) နေ့အထိ နေပြည်တော်တွင် ကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် လူငယ်နှင့် စာပေပွဲတော်တွင်လည်းကောင်း၊ နေပြည်တော်တွင် (၄.၁.၂၀၂၃) မှ (၈.၁.၂၀၂၃) နေ့အထိ ကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲတွင် လည်းကောင်း၊ (၁၀.၂.၂၀၂၃) မှ (၁၄.၂.၂၀၂၃) နေ့အထိ ရန်ကုန်တွင် ကျင်းပသော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြပွဲတွင်လည်းကောင်း EV ဆိုင်ရာ နည်းပညာများကို သိရှိနိုင် စေရန်နှင့် EV ၏ ကောင်းကျိုးများကို သိရှိပြီး လက်ခံသုံးစွဲလာနိုင်စေရန်အတွက် အများပြည်သူသို့ နည်းပညာများမျှဝေခြင်းတို့အား ဆောင်ရွက်ပေးခဲ့ပါသည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်တွင် ပါဝင်ပြသနေမှု မှတ်တမ်း

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြပွဲတွင် ပါဝင်ပြသနေမှု မှတ်တမ်း

အစိုးရစက်မှုလက်မှုသိပ္ပံ၊ စက်မှုအင်ဂျင်နီယာဌာန မှ ဆရာ၊ ဆရာမ များအား Pneumatic and Electro-Pneumatic Control System Trainer Board များအတွက် အသုံးချနည်းပညာ မျှဝေခြင်းသင်တန်း

စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ပေးခြင်းနှင့် နည်းပညာမျှဝေပေးခြင်းများ ဆောင်ရွက်ခြင်း

စက်မှုလုပ်ငန်းများ၏ နည်းပညာကဏ္ဍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်သော နည်းပညာရပ်များကို အသုံးချနိုင်ရန် အတွက် စက်များအားအစားထိုး ပြင်ဆင်ခြင်း (သို့) နည်းပညာအဆင့်မြှင့်တင်ခြင်း၊ စမ်းသပ် ဆောင်ရွက်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်း စသည်ဖြင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီ ပေးခြင်း နည်းပညာဆိုင်ရာလုပ်ငန်းများ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပခြင်း နှင့် နည်းပညာမျှဝေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
လက်ရှိအချိန်အထိ ဌာန၏လုပ်ငန်းများတွင်   အသုံးပြုနိုင်ရန်အတွက် PC Based Computer Numerical Control (CNC) Machine များ အဖြစ်သို့ အဆင့်မြှင့်တင် ပြန်လည်ပြင်ဆင် ပြုပြင်‌ပြောင်းလဲတပ်ဆင်ခြင်း နှင့် CNC Robotic Welding Machine(စက်ရုပ်လက် ဖြင့်ဂဟေဆော်ခြင်း) နည်းပညာဆိုင်ရာ အကူအညီပေးခြင်း တို့အား မန္တလေးစိန်ပန်းစက်မှုဇုံကို ဆောင်ရွက်ပေးခဲ့ပါသည်။

CNC Milling Machine (Anilam) (၁)လုံးအား PC Based Control အသစ်ဖြင့် အစားထိုးရန်အတွက်စမ်းသပ်ဆောင်ရွက်နေမှု မှတ်တမ်းများ

CNC Anilam Milling Machines အား PC Based Milling Machine အဖြစ် ပြောင်းလဲတပ်ဆင်ရန် Mechanical Portionစမ်းသပ်ဆောင်ရွက်နေမှု မှတ်တမ်းများ

PC Based CNC Milling Machine (Anilam) စက်ခုတ်စားခြင်း ဆောင်ရွက်မှုမှတ်တမ်းများ


Electric Vehicle နည်းပညာဆိုင် ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း

Electric Vehicle နည်းပညာကဏ္ဍမြှင့်တင်ပေးခြင်းနှင့် နည်းပညာရပ်ဆိုင်ရာ လူ့စွမ်း အားအရင်းအမြစ်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်တွင်း EV ထုတ်လုပ်သူ/ ဖြန့်ဖြူးသူများ၏ ကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်၍ (၁၄-၁၁-၂၀၂၂) ရက်နေ့မှ (၁၈-၁၁-၂၀၂၂) ရက်နေ့ထိ နည်းပညာရယူခြင်းဆိုင်ရာသင်တန်းအား သင်တန်း သား(၁၀)ဦးဖြင့် သင်ကြားဖွင့်လှစ်ပေးခြင်းနှင့် လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာ ဌာနတွင်းသင်တန်း အမှတ်စဉ် (၁) ကို (၂၉-၅-၂၀၂၃) မှ(၁၃-၇-၂၀၂၃) ထိ သင်တန်းသား (၁၁)ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်အထိ Electric Vehicle ပြုပြင်ထိန်းသိမ်းမှု ဆိုင်ရာ နည်းပညာကျွမ်းကျင်သူ (Master Trainer) (၂၁)ဦးကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

ကျွမ်းကျင်ပညာရှင်များဖိတ်ခေါ်၍ Hybrid and Electric Vehicle Maintenance သင်တန်း ဖွင့်လှစ်ခြင်း

Electude LMS အသုံးပြုပြီး လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာ Theory ပိုင်းဆိုင်ရာ သင်ကြား ပြသမှု

တရုတ်နိုင်ငံရှိ Beifang China Vocational Training Co., Ltd ၏ factory tour workshop အား onlineဖြင့် တက်ရောက်ပုံ

Nissan LEAF ကားအောက်ပိုင်းရှိ High Voltage Cable & Connector များလေ့လာနေပုံ

EV Battery Pack Disassembly ပြုလုပ်စဉ်

HV Battery အတွင်းရှိ Module များအား ဖြုတ်ထုတ်ခြင်း

နည်းပညာဆိုင်ရာ သင်တန်းများနှင့်လက်တွေ့ကျွမ်းကျင်မှု အခြေပြု သင်တန်းများ ဖွင့်လှစ်ပို့ချဆောင်ရွက်ခြင်း


အခြေခံပညာကိုပြီးဆုံးအောင် မသင်ကြားနိုင်သူများနှင့် ကျွမ်းကျင်မှုမပြည့်ဝသော သူများအတွက် လက်တွေ့ကျွမ်းကျင်မှု အရည်အသွေးများ မြင့်မားစေရန် ရည်ရွယ်၍ နည်းပညာဆိုင်ရာ သင်တန်းများ၊ လက်တွေ့ကျွမ်းကျင်မှု အခြေပြု ကာလတို၊ ကာလရှည် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အခြေခံ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်း ခြင်း ပြင်ပသင်တန်းကို (၁၇-၁၀-၂၀၂၂) မှ (၁၁-၁၁-၂၀၂၂)အထိ သင်တန်းသား (၁၅)ဦးအားလည်းကောင်း၊ (၂၁-၁၁-၂၀၂၂) မှ (၁၆-၁၂-၂၀၂၂) အထိ သင်တန်းသား (၉)တို့အား လည်းကောင်း (၁)လကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့ပြီး ဌာနတွင်းဝန်ထမ်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၉)ကြိမ် ဖွင့်လှစ်ပို့ချ သင်ကြားပေးခြင်း နှင့် ဆွေးနွေးပွဲများ (၂)ကြိမ် ဆောင်ရွက်ပေးခဲ့ပါသည်။

အခြေခံမော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း(၁ လ)သင်တန်းတွင် စတီယာရင်နှင့်ဆိုင်းထိန်းစနစ်များအားစစ်ဆေးဆောင်ရွက်မှု

ဌာနတွင်းဝန်ထမ်းများ အတွက် Applied Electronic Skill Training ဆောင်ရွက်မှု

ဌာနတွင်းဝန်ထမ်းများ အတွက် General Automotive Workshop Equipment Operation and Safety သင်တန်း ဆောင်ရွက်မှု

ဌာနတွင်းဝန်ထမ်းများ အတွက် Basic Automotive Electrical System and High Voltage Safety သင်တန်း ဆောင်ရွက်မှု

ဌာနတွင်းဝန်ထမ်းများ အတွက် Automotive Maintenance Skill (TOT)Training ဆောင်ရွက်မှု

ဌာနတွင်းဝန်ထမ်းများ အတွက် AutoCAD နှင့် 2DMaster CAMသင်တန်း ဆောင်ရွက်မှု

National Skills Standard Authority (NSSA) ၏ အမျိုးသားအဆင့်အသိအမှတ်ပြု နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း


မော်တော်ယာဉ်နည်းပညာသုတေသနဌာနသည် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority -NSSA) သို့ Automotive Mechanic Level-1 အလုပ်အကိုင်အတွက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ် ရေးဌာန Assessment Center အဖြစ် အသိအမှတ် ပြုပေးရန် လျှောက်ထားခဲ့ရာ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)မှ  စစ်ဆေးရေး အဖွဲ့ စေလွှတ်စစ်ဆေးခဲ့ပြီး ၂၀၁၈ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးဌာန Assessment Center အဖြစ် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
လက်ရှိအချိန်အထိ အမျိုးသားအဆင့် အသိအမှတ်ပြု နည်းပညာရပ် ဆိုင်ရာ ကျွမ်းကျင် သူများ ရရှိရေးအတွက် NSSA Automotive ကျွမ်းကျင်မှု စစ်ဆေးခြင်း (Level 1) (၁)ကြိမ်နှင့် Automotive Mechanic Level-1 အလုပ်အကိုင်အတွက် လူဦးရေ(၁၆)ဦးအား ကျွမ်းကျင်မှု အသိ အမှတ်ပြု စစ်ဆေးအကဲဖြတ် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံ သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)မှ ဖွင့်လှစ်ခဲ့သည့် Assessor Methodology training သင်တန်း (၂)ကြိမ်ကို သင်တန်းသား(၅)ဦး တက်ရောက်ခဲ့သည် အပြင် NSSA Assessor on job training (OJT) လုပ်ငန်းတွင် On-Job-Training (OJT) အဖြစ် စစ်ဆေးအကဲဖြတ်ရေးအဖွဲ့(Assessor Team)နှင့်အတူ (၂)ဦးပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် Electric Vehicle အလုပ်အကိုင်ဆိုင်ရာ အမျိုးသားအဆင့် ကျွမ်းကျင်မှု စစ်ဆေးရေးနှင့် လက်မှတ်ထုတ်ပေးရေးအတွက် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း၍ ကျွမ်းကျင်မှု စစ်ဆေးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

NSSA Level-1 for Automotive Mechanic အလုပ်အကိုင်အတွက်စစ်ဆေးခြင်းမှတ်တမ်း

Assessor Methodology training သင်တန်းတက်ရောက်ခဲ့မှုမှတ်တမ်း

NSSA Assessor on job training (OJT) ပူးပေါင်းဆောင်ရွက်ခြင်းမှတ်တမ်း

သုတေသနနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများအတွက် နည်းပညာ ပူးပေါင်းဆောင်ရွက်ပေးခြင်း



သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်း များနှင့်  သုတေသနဌာနများ၏ သုတေသနလုပ်ငန်းများအတွက် အထောက်အကူပြု စက်ပစ္စည်း များနှင့် နည်းပညာလိုအပ်ချက်များ ပူးပေါင်းကူညီနိုင်ရန်နှင့် သင်ကြားမှု၊ သင်ယူ တတ်မြောက်မှုနှင့် လက်တွေ့ကျွမ်းကျင်မှု အရည်အသွေးများ မြင့်မားစေရန်အတွက် နည်းပညာ မျှဝေပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
လက်ရှိတွင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာမဟာဘွဲ့ ကျမ်းပြုစုခြင်း အတွက် Anilam (3000M) စက်၏ Data များအား ကောက်ယူပေးခြင်းနှင့်  CNC စက်ခုတ်စား ခြင်းဖြင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ နည်းပညာပံ့ပိုးကူညီပေးမှု အနေဖြင့် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)မှ ကျောင်းသား/သူ (၁၀)ဦး ကို PCB Circuit Design   နှင့်ထုတ်လုပ်ခြင်း နည်းပညာများ မျှဝေပေးခြင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်) Mechanical ဌာနမှ ဆရာမ(၁)ဦးနှင့် အစိုးရနည်းပညာကောလိပ် (မန္တလေး) Mechanical ဌာနမှ ဆရာမ(၁)ဦးအား Optimum Milling Machine အသုံးပြု၍ သင်တန်းသင်ကြားပေးခြင်းဖြင့် နည်းပညာမျှဝေခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့အပြင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)မှ အီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာဌာနနှင့် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှု အင်ဂျင်နီယာဌာနတို့ မှ ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ မန္တလေးနည်းပညာ တက္ကသိုလ်  စက်မှုအင်ဂျင်နီယာဌာန မှ ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း ရတနာပုံ ဆိုက်ဘာစီးတီး၊ Precision Engineering ဌာန မှ ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း) စက်မှုအင်ဂျင်နီယာဌာန မှ ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း နည်းပညာဆိုင်ရာ သင်တန်းများဖြစ်သော CNC Optimum Milling (Internship Training) ၊ Workshop Technology၊ Automotive၊ Manufacturing၊ Refrigeration and Air-Conditioning၊ Pneumatic and Electro Pneumatic Control System၊ Engineering Graphic Design သင်တန်းတို့အား (၁၁)ကြိမ် ဖွင့်လှစ်ပို့ချပေးခြင်း ဖြင့် နည်းပညာ အထောက်အပံ့ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်မှ မဟာအင်ဂျင်နီယာဘွဲ့ကျမ်းပြုစုခြင်းအတွက် CNC စက်ခုတ်စားခြင်း

မန္တလေးနည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာနမှ တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား များအား Refrigeration and Air-Conditioning (Industrial Training) ဆောင်ရွက်ခဲ့မှုမှတ်တမ်း

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာ စီးတီး)မှကျောင်းသား/သူ(၁၀)ဦးကို PCB Circuit Design နှင့်ထုတ်လုပ်ခြင်း နည်းပညာများ မျှဝေပေးခြင်း မှတ်တမ်းဓာတ်ပုံများ

အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်) စက်မှုအင်ဂျင်နီယာဌာန၊ ပထမနှစ်ကျောင်းသားများအား Conventional Lathe ဖြင့် လက်တွေ့လုပ်ဆောင်ရာတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးနေမှု


အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်) စက်မှုအင်ဂျင်နီယာဌာန၊ တတိယနှစ် ကျောင်းသားများအား CNC Optimum Milling (Internship Training) ဖွင့်လှစ် ပို့ချ ဆောင်ရွက်မှု


အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)၊ မော်တော် ယာဉ်ထိန်းသိမ်းမှုဆိုင်ရာ အင်ဂျင်နီယာဌာနမှ ပထမနှစ်ကျောင်းသား များအား မော်တော်ယာဉ်နည်းပညာဆိုင်ရာ Internship Training ဆောင်ရွက်ခဲ့မှု


မော်တော်ယာဉ်နှင့် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း




မော်တော်ယာဉ်၊ စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများကို အရည်အသွေးမြင့် ထိရောက်စွာ အသုံးချနိုင်ရန်ရည်ရွယ်၍  á€™á€ąá€Źá€şá€á€ąá€Źá€şá€šá€Źá€‰á€şá€”သငအ် ဆက်စပ်ပစ္စည်းများ ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ မော်တော်ယာဉ် (Toyota Succeed 2004 Brake and Suspension system checking and repairing) နှင့် (Volkswagen Polo 2018 model oil and service interval resetting, OBD Code checking and erasing) á€á€­á€Żá€ˇá€Ąá€Źá€¸ စစ်ဆေးပြုပြင် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက် ပေးခဲ့ပါသည်။
နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်း၊ ဌာနများ နှင့် စက်ရုံ အလုပ်ရုံများရှိ စက်ပစ္စည်းများအတွက် စက်ပစ္စည်း အရည်အသွေး စစ်ဆေးရေး၊ ထိန်းသိမ်းရေး၊ ပြုပြင် မွမ်းမံရေး လုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ သိပ္ပံနှင့် နည်းပညာသုတေသနဌာနမှ CNC Punching Machine အား စစ်ဆေး ပြုပြင်ပေးခြင်း၊ CNC Plasma Cutting Machine အား စစ်ဆေးပြုပြင်ပေးခြင်း နှင့် CNC Lathe Machine  á€Ąá€Źá€¸ စစ်ဆေး ပြုပြင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

သိပ္ပံနှင့် နည်းပညာသုတေသနဌာနမှ မော်တော်ယာဉ်များ စစ်ဆေးပြုပြင် ထိန်းသိမ်း ဆောင်ရွက်ခြင်း

သိပ္ပံနှင့် နည်းပညာ သုတေသနဌာနရှိ CNC Lathe Machine စစ်ဆေး ပြင်ဆောင် ဆောင်ရွက်ခြင်း

သိပ္ပံနှင့် နည်းပညာ သုတေသနဌာနရှိ CNC Punching Machine စစ်ဆေး ပြင်ဆင် ဆောင်ရွက်ခြင်း