နိဒါန်း
၁။ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနအောက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေး မြို့နယ်ရှိ အေလာ နှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ ဓာတ်တော်တို့တွင် သတ္ထုရိုင်းသိုက်နှင့် စွန့်ပစ် ပစ္စည်းများမှ ရှားပါးဒြပ်စင်များ၊ အဖိုးတန် သတ္ထု နှင့်သတ္ထုဒြပ်ပေါင်းများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ သတ္တုနှင့် သတ္တုစပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပိုလီမာဆိုင်ရာသုတေသနလုပ်ငန်းများ၊ အီလက်ထရောနစ်နှင့် သံလိုက်ဒြပ်ပစ္စည်း ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ကြွေထည်ဆိုင်ရာ သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ် မြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့တွင်လည်း သတ္တုရိုင်းလုပ်ကွက်များအား သုတေသနပြု၍ စူးစမ်းလေ့လာရှာဖွေခြင်းနှင့် ရှာဖွေထားရှိသော သတ္တုရိုင်းသိုက်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထို့အပြင် တက္ကသိုလ်၊ ကောလိပ်၊သိပ္ပံ၊ကျောင်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြင်ပ လုပ်ငန်းများ၊ ကုမ္ပဏီများမှ ပေးပို့လာသော သတ္တုရိုင်း၊ စားသောက်ကုန်၊ ရေ၊ မြေ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ နမူနာများ အစရှိသည့် နမူနာပစ္စည်းအမျိုးမျိုးတို့ကို ဓါတ်ခွဲ စမ်းသပ် ဝန်ဆောင်မှု ပေးခြင်းနှင့် နည်းပညာမျှဝေခြင်းလုပ်ငန်းများအား ဌာနရှိ Analysis Lab မှ Inductively Coupled Plasma Optical Emission Spectrophometers (ICP-OES) , Atomic Absorption Spectrophotometer (AAS) , X-ray Diffractometer (XRD), X-ray Fluorescence (XRF) စက်များနှင့် Wet Analysis နည်းများကို အသုံးပြု၍ သက်ဆိုင်ရာနမူနာပစ္စည်းအလိုက် ဝန်ဆောင်ခနှုန်းထားများ ကောက်ခံ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။
နောက်ခံသမိုင်းကြောင်း
၃။ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ဒြပ်ပစ္စည်းသိပ္ပံနှင့်ဒြပ်ပစ္စည်းအင်ဂျင်နီယာသုတေသနဦးစီးဌာန အဖြစ်လည်းကောင်း၊ ၂၀၁၅ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာနှင့်ဒြပ်ပစ္စည်းသိပ္ပံ သုတေသနဦးစီးဌာနအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနအောက်ရှိ ဇီဝနည်းပညာနှင့်ဒြပ်ပစ္စည်းသိပ္ပံသုတေ သနဌာနအဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းခဲ့ရာ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနသည် နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အောက်တွင် တည်ရှိခဲ့ပါသည်။
တည်နေရာ၊အကျယ်အဝန်း
ဒြပ်ပစ္စည်း သိပ္ပံသုတေသနဌာန(အေလာ)သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့မှ အရှေ့ တောင်ဘက် (၁၉)ကီလို မီတာခန့် အကွာ အေလာကျေးရွာ အုပ်စုတွင် တည်ရှိပြီး (၂၀၉.၉၄)ဧက ကျယ်ဝန်းပါသည်။
လုပ်ငန်းတာဝန်များ
၅။ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနတွင် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များ ချမှတ်၍ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-
(က) နိုင်ငံအတွင်းရှိ သဘာဝသယံဇာတနှင့်သတ္တုရိုင်းသိုက်များနှင့် စွန့်ပစ်ပစ္စည်းများကို အသုံးပြု ၍ ရှားပါးဒြပ်စင်များ၊ တန်ဘိုးရှိ သတ္တုနှင့်သတ္တုဒြပ်ပေါင်းများ၊ သတ္တုစပ်များထုတ်လုပ်ခြင်း ဆိုင်ရာသုတေသန၊ ပိုလီမာသုတေသန၊ ကြွေထည်သုတေသန၊ အီလက်ထရောနစ်နှင့် သံလိုက်ဒြပ်ပစ္စည်းဆိုင်ရာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ခ) သုတေသနနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဂ) သုတေသနပြုထုတ်လုပ်ထားသော ဒြပ်ပစ္စည်းသိပ္ပံဆိုင်ရာ ထုတ်ကုန်များအား သက်ဆိုင်ရာ နယ်ပယ်များတွင် အသုံးချနိုင်ရေးဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံအတွင်း သုတေသနပြု၍ အချက်အလက်များရှာဖွေထားသော သတ္တုရိုင်းသိုက်များနှင့် အထူးသတ္တုဖြစ်ထွန်းဇုံများအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(င) လူ့စွမ်းအားရင်းမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်များ၊ သက်ဆိုင်ရာ အဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ထောက်ပံ့ပေးခြင်းနှင့်
(စ) ဒြပ်ပစ္စည်းသိပ္ပံဆိုင်ရာ နည်းပညာများမျှဝေခြင်းနှင့် ဓာတ်ခွဲစမ်းသပ်မှုဝန်ဆောင်မှုများ ပေးခြင်းတို့ဖြစ်ပါသည်။
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
MSME ပြပွဲတွင် ပြည်ထောင်စုဝန်ကြီးအား သုတေသနထုတ်ကုန်များအားရှင်းလင်းတင်ပြ၍
လမ်းညွှန်မှုခံယူနေခြင်း
Naypyitaw State Polytechnic University ၌ ကျင်းပပြုလုပ်ခဲ့သောလျှပ်စစ်သုံးယာဉ်နည်းပညာ ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (၁/၂၀၂၆) တွင် ဘက်ထရီ RECYCLING နည်းပညာနှင့် နိုင်ငံ၏ စက်မှုကဏ္ဍတွင် အသုံးချနိုင်သည့်အခွင့်အလမ်းများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခြင်း

Naypyitaw State Polytechnic University ၌ ကျင်းပပြုလုပ်ခဲ့သောလျှပ်စစ်သုံးယာဉ်နည်းပညာ ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (၁/၂၀၂၆) တွင် ဘက်ထရီ RECYCLING နည်းပညာနှင့် နိုင်ငံ၏ စက်မှုကဏ္ဍတွင် အသုံးချနိုင်သည့်အခွင့်အလမ်းများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခြင်း

Naypyitaw State Polytechnic University ၌ ကျင်းပပြုလုပ်ခဲ့သောလျှပ်စစ်သုံးယာဉ်နည်းပညာ ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (၁/၂၀၂၆) တွင် ဘက်ထရီ RECYCLING နည်းပညာနှင့် နိုင်ငံ၏ စက်မှုကဏ္ဍတွင် အသုံးချနိုင်သည့်အခွင့်အလမ်းများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခြင်း
Naypyitaw State Polytechnic University မှ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ လက်တွေ့ကွင်းဆင်း လေ့လာခြင်း

Naypyitaw State Polytechnic University မှ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ လက်တွေ့ကွင်းဆင်း လေ့လာခြင်း

Naypyitaw State Polytechnic University မှ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ လက်တွေ့ကွင်းဆင်း လေ့လာခြင်း
ဌာနတွင်း လုပ်ငန်းခွင်ကျွမ်းကျင်မှုကာလတို သင်တန်းအမှတ်စဉ် (၁/၂၀၂၃)
နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန သည် သုတေသနလုပ်ငန်းများ၊ နည်းပညာပူးပေါင်းဆောင်ရွက်ပေးခြင်း လုပ်ငန်းများ၊ နည်းပညာ အကူအညီပေးခြင်းလုပ်ငန်းများ၊ ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများအား ဆောင်ရွက် လျက်ရှိပြီး သတ္တုဗေဒနှင့်ဒြပ်ပစ္စည်းသိပ္ပံဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွင့်ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဌာနတွင်းရှိဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးမြှင့်နိုင်ရန် အတွက် ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန(အေလာ)တွင် ဌာနတွင်း လုပ်ငန်းခွင်ကျွမ်းကျင်မှုကာလတို သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား (၂-၁၀-၂၀၂၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၁၄)ဦး တက်ရောက်ခဲ့ကြပါသည်။









